Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာတည်းခိုခန်းကို စစ်အုပ်စုဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးကာ PDF လို့သတင်းဖြန့်

မနေ့က ညနေပိုင်းက အောင်ပင်လယ်ရပ်ကွက်၊နန်းတော်ဝင် တည်းခိုခန်းကို စစ်ကောင်စီကဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးသွားတာပါ။

မန္တလေး မှာတည်းခိုခန်းကို စစ်အုပ်စုဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးကာ PDF လို့သတင်းဖြန့်
မန္တလေး မှာတည်းခိုခန်းကို စစ်အုပ်စုဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးကာ PDF လို့သတင်းဖြန့်

မန္တလေးမှာ ပြည်သူ့စစ်သတင်းပေးလို့ တည်းခိုခန်း တစ်ခုကိုဝင်စစ်ရာ PDF သင်တန်းဆင်း လူငယ် ၄ ဦးကို ဖမ်းမိတယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။

မနေ့က ညနေပိုင်းက အောင်ပင်လယ်ရပ်ကွက်၊နန်းတော်ဝင် တည်းခိုခန်းကို စစ်ကောင်စီကဝင်စစ်ပြီး လူငယ် ၄ ဦးကိုဖမ်းဆီးသွားတာပါ။

စစ်အုပ်စုဘက်က သတင်းဖြန့်ထားချက်အရ ဖမ်းခံထားရတဲ့ လူငယ် ၄ ဦးဟာ မန္တလေးမှာနေထိုင်ကြတာလို့သိရပြီး အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အရွယ် ရှိကြသူတွေဖြစ်ပါတယ်။

အဲဒီလူငယ် ၄ဦးဟာ KIA ဆီမှာသင်တန်းတက်ခဲ့တဲ့ PDF တွေဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။