Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို WHO နှုတ်ဆိတ်မနေရန် NUG တောင်းဆို

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခန့်မှန်းခြေ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု (Estimated Immunization Coverage) မှာ BCG 48%, DPT3 37%, MR1 44% ရှိကြောင်း သိရှိရသည်ဟု ထုတ်ပြန်သည်။

(အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးနှိပ်ဆက်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးနှိပ်ဆက်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နှုတ်ဆိတ်မနေရန် နှင့် ကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုထားကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှအသုံးပြု၍ အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခန့်မှန်းခြေ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု (Estimated Immunization Coverage) မှာ BCG 48%, DPT3 37%, MR1 44% ရှိကြောင်း သိရှိရသည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် တစ်နှစ်အတွင်း အသက်တစ်နှစ်အောက် ကလေးဦးရေ ၉သိန်းခွဲ၏ တစ်ဝက်ကျော်သည် ပုံမှန်ကာကွယ်ဆေးများ အပြည့်အဝထိုးနှံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားဒေသများအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ အသက် (၅) နှစ် အောက် ကလေးငယ်များသည် ပုံမှန်ရရှိသင့်သည့် ကာကွယ်ဆေးများ မရရှိကြဘဲ ကာကွယ် ဆေးဖြင့် ကာကွယ်နိုင်မည့် ရောဂါများ (Vaccine Preventable Diseases) ဖြစ်ပွားနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်သည်။

NUG ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ဆေးများ၊ ကလေးငယ်များအတွက် ပုံမှန်ရရှိသင့်သည့် ကာကွယ်ဆေးများအပါအဝင် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။