Connect with us

Hi, what are you looking for?

သတင်း

WHOဝန်ထမ်းအသတ်ခံရမှုအပေါ် ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်ပေးရန် ကုလတောင်းဆို

အရပ်သားများ၏ အခွင့်အရေးများနှင့် လုံခြုံမှုကို ကာကွယ်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့ပြီး ပြည်သူများအပေါ် အကြမ်းဖက်လုပ်ငန်းရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ
မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဝန်ထမ်းအသတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်းနှင့် ဖြစ်စဉ်ကို ဘက်မလိုက်ဘဲ စုံးစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်သည်။

WHO တွင် ၅ နှစ်နီးပါးကြာ ယာဉ်မောင်းတာဝန်ထမ်းဆောင်ခဲ့သူ ဦးမျိုးမင်းထွဋ်သည် ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်သော တိကျသည့်အခြေအနေများကို ရှင်းလင်းစွာမသိရသေးကြောင်း ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်သည်။

သက်ဆိုင်ရာပါတီအဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် ကုလသမဂ္ဂ၏ ဘက်မလိုက်ရေးမူနှင့် လူသားချင်းစာနာမှုဆိုင်ရာများကိုလေးစားရန် ကုလသမဂ္ဂက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

အရပ်သားများ၏ အခွင့်အရေးများနှင့် လုံခြုံမှုကို ကာကွယ်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့ပြီး ပြည်သူများအပေါ် အကြမ်းဖက်လုပ်ငန်းရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်ကို ဘက်မလိုက်သောစုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန်နှင့် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ခက်ခဲသည့်အချိန်များတွင် မြန်မာပြည်သူများအတွက် အရေးပါသော လူသားချင်းစာနာမှုအကူအညီနှင့် ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများ ဖြန့်ဝေပေးရန် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

မော်လမြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်​နေ့ည​နေတွင် ​သေနတ်ဖြင့်ပစ်သတ်လိုက်သော WHO မြန်မာပြည်ရုံးဝန်ထမ်း မျိုးမင်းထွဋ်သည် စစ်ကောင်စီအတွင်း​ရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့တွင်း ဖရဲသီးက People’s Spring သို့ အတည်ပြုသည်။

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန်လ ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

​​မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် မျိုးမင်းထွဋ်သည် စစ်ကောင်စီတပ်က ပြည်သူများအား ဧည့်စာရင်းများစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တက်ပြီး စစ်​ကောင်စီရဲမှူးများနှင့်နီးစပ်သောဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ၏ မိသားစုဝင်များအားခြိမ်းခြောက်အကြပ်ကိုင်နေသလို အရွယ်မရောက်သေးသောမိန်းမငယ်များအားခြေတော်တင်ဖျက်ဆီးနေသော သက်ငယ်မုဒိန်းကောင်ဖြစ်ပြီး Sex tape များရိုက်ကူးအကြပ်ကိုင်တက်သည်ကိုလည်းစုံစမ်းသိရှိရသည်ဟု​ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။