Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် ဇီးကုန်းမြို့မှ ပျူစောထီး​ခေါင်း​ဆောင်ငရွှီး သေနတ်ဖြင့် ပစ်ခတ် ခံရ

ညိုဝင်းနိုင်သေနတ်ဖြင့်အပစ်ခံရကြောင်း မျက်မြင်တွေ့သူတစ်ဦးက People’s Spring သို့ အတည်ပြုသည်။ ကန့်ဘလူ​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​ပြီး နောက်ဆက်တွဲကို မသိရသေးဟု​ ၎င်းက ပြောသည်။

ဇီးကုန်းမြို့
ဇီးကုန်းမြို့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ နာမည်ကြီး ပျူစောထီး​ခေါင်း​ဆောင် ညိုဝင်းနိုင် ယနေ့နံနက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။

ညိုဝင်းနိုင်ကို ယ​နေ့(သြဂုတ်လ၁၇ရက်)နံနက် ၅ နာရီခွဲဝန်းကျင်က လက်ဖက်ရည်ဆိုင်၌ ထိုင်​နေစဥ် အမျိုးသားအချို့က သေနတ်ဖြင့်ဝင်​ရောက်ပစ်ခတ်ခဲ့​​ခြင်းဟု ကန့်ဘလူအခြေစိုက် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ညိုဝင်းနိုင်သည် သူ့ကိုယ်သူ ပျူစောထီးအနေဖြင့် မကြာခဏ ဟစ်ကြွေး တတ်ပြီး စကားအပို ပြောတတ်သူဖြစ်၍ ငရွှီးဟုလည်း ဒေသခံများက ခေါ်ဝေါ်ကြသည်။

၎င်းနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဗောဓိလှမြင့်ဆိုသူလည်း လက်​မောင်းအား သေနတ် ကျည်ထိမှန်သွား​သည်ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့တော်လှန်ရေးသတင်းများ ဖော်ပြပေးနေ သော Infinity Group က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ပေါင်ထိသွားတယ်လို့လည်း ကြားတယ်။ဆီးခုံမှန်သွားတယ်လို့ လည်းကြား တယ်။ ဘယ်ထိထိ ဒီ​လောက်ညစ်ပတ်တဲ့​ကောင် အခုလိုခံရတာ ​ကျေနပ်တယ်။ “ဟု ​ဒေသခံတစ်ဦးက Infinity Groupသို့​ပြော​ကြောင်းလည်း​ ဖော်ပြထားသည်။

ညိုဝင်းနိုင်သေနတ်ဖြင့်အပစ်ခံရကြောင်း မျက်မြင်တွေ့သူတစ်ဦးက People’s Spring သို့ အတည်ပြုသည်။ ကန့်ဘလူ​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​ပြီး နောက်ဆက်တွဲကို မသိရသေးဟု​ ၎င်းက ပြောသည်။

ညိုဝင်းနိုင်(ခ)ငရွှီးမှာ မြို့ခံလူထုအား ​နေ့စဥ်နဲ့အမျှခြိမ်း​ခြောက်ခြင်း၊ မြို့အတွင်းရှိ ပြည်သူများအား အ​​ကြောင်းမဲ့ဖမ်းဆီးကာ ​ငွေညစ်ခြင်း၊လမ်းသွားလမ်းလာ ကား၊ဆိုင်ကယ်များအားဖမ်းဆီးကာ ​ငွေညစ်ခြင်းအပြင် အချို့ ကားနှင့်ဆိုင်များပါ သိမ်းယူထားခြင်းတို့ကို အကြမ်းဖက်လုပ်​ဆောင်​နေသူဖြစ်သည်ဟု ​ဒေသခံအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook