Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ဇီးကုန်းမြို့မှ ပျူစောထီး​ခေါင်း​ဆောင်ငရွှီး သေနတ်ဖြင့် ပစ်ခတ် ခံရ

ညိုဝင်းနိုင်သေနတ်ဖြင့်အပစ်ခံရကြောင်း မျက်မြင်တွေ့သူတစ်ဦးက People’s Spring သို့ အတည်ပြုသည်။ ကန့်ဘလူ​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​ပြီး နောက်ဆက်တွဲကို မသိရသေးဟု​ ၎င်းက ပြောသည်။

ဇီးကုန်းမြို့
ဇီးကုန်းမြို့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ နာမည်ကြီး ပျူစောထီး​ခေါင်း​ဆောင် ညိုဝင်းနိုင် ယနေ့နံနက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။

ညိုဝင်းနိုင်ကို ယ​နေ့(သြဂုတ်လ၁၇ရက်)နံနက် ၅ နာရီခွဲဝန်းကျင်က လက်ဖက်ရည်ဆိုင်၌ ထိုင်​နေစဥ် အမျိုးသားအချို့က သေနတ်ဖြင့်ဝင်​ရောက်ပစ်ခတ်ခဲ့​​ခြင်းဟု ကန့်ဘလူအခြေစိုက် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ညိုဝင်းနိုင်သည် သူ့ကိုယ်သူ ပျူစောထီးအနေဖြင့် မကြာခဏ ဟစ်ကြွေး တတ်ပြီး စကားအပို ပြောတတ်သူဖြစ်၍ ငရွှီးဟုလည်း ဒေသခံများက ခေါ်ဝေါ်ကြသည်။

၎င်းနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဗောဓိလှမြင့်ဆိုသူလည်း လက်​မောင်းအား သေနတ် ကျည်ထိမှန်သွား​သည်ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့တော်လှန်ရေးသတင်းများ ဖော်ပြပေးနေ သော Infinity Group က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ပေါင်ထိသွားတယ်လို့လည်း ကြားတယ်။ဆီးခုံမှန်သွားတယ်လို့ လည်းကြား တယ်။ ဘယ်ထိထိ ဒီ​လောက်ညစ်ပတ်တဲ့​ကောင် အခုလိုခံရတာ ​ကျေနပ်တယ်။ “ဟု ​ဒေသခံတစ်ဦးက Infinity Groupသို့​ပြော​ကြောင်းလည်း​ ဖော်ပြထားသည်။

ညိုဝင်းနိုင်သေနတ်ဖြင့်အပစ်ခံရကြောင်း မျက်မြင်တွေ့သူတစ်ဦးက People’s Spring သို့ အတည်ပြုသည်။ ကန့်ဘလူ​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​ပြီး နောက်ဆက်တွဲကို မသိရသေးဟု​ ၎င်းက ပြောသည်။

ညိုဝင်းနိုင်(ခ)ငရွှီးမှာ မြို့ခံလူထုအား ​နေ့စဥ်နဲ့အမျှခြိမ်း​ခြောက်ခြင်း၊ မြို့အတွင်းရှိ ပြည်သူများအား အ​​ကြောင်းမဲ့ဖမ်းဆီးကာ ​ငွေညစ်ခြင်း၊လမ်းသွားလမ်းလာ ကား၊ဆိုင်ကယ်များအားဖမ်းဆီးကာ ​ငွေညစ်ခြင်းအပြင် အချို့ ကားနှင့်ဆိုင်များပါ သိမ်းယူထားခြင်းတို့ကို အကြမ်းဖက်လုပ်​ဆောင်​နေသူဖြစ်သည်ဟု ​ဒေသခံအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။