Connect with us

Hi, what are you looking for?

သတင်း

ဆင်ကောင်ရေ ၃၅ကောင်အားစောင့်ရှောက်နေသော CDM ဆင်ဦးစီးအပါအဝင် အိမ်ထောင်စုများအတွက် ငွေနှင့် စားနပ်ရိက္ခာအချို့ KLG PDF ထောက်ပံ့

ကနီမြို့နယ်အခြေစိုက် KLG PDFသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်။

ဓာတ်ပုံ - KLG PDF
ဓာတ်ပုံ - KLG PDF

ဆင်ကောင်ရေ ၃၅ ကောင်အားစောင့်ရှောက်နေသော CDM ဆင်ဦးစီးအပါအဝင် အိမ်ထောင်စုများအတွက် ငွေနှင့် စားနပ်ရိက္ခာအချို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း KLG PDF က ယနေ့ (သြဂုတ် ၁၇ ရက်) ထုတ်ပြန်သည်။

ဆင်များအား ထိန်းသိမ်းရှောက်ထားနေသော CDM ဆင်ဦးစီးမိသားစုအပါအဝင် အိမ်ထောင်စု ၃၃ စုရှိပြီး လူဦးရေ ၁၁၇ ဦးအတွက် ဆန်တင်း ၇၀ ကျော်၊ကျပ်သိန်း ၃၀ကျော်နှင့် ဆီ၊ ဆားများပေးအပ်ခဲ့သည်ဟု ဆိုသည်။

စားဝတ်နေရေးလုံးဝ အဆင်မပြေတော့သည်ကို အကူအညီတောင်းခံလာခြင်းကြောင့် အရေးပေါ် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း KLG PDF တာဝန်ရှိသူက ဆိုသည်။

“ဆင်ဦးစီးတွေ CDMဝင်ထားတဲ့အတွက်ကြောင့် စားဝတ်နေရေး အရမ်းကို ဒုက္ခရောက်နေတယ် ။​

Public Service Announcement

Public Service Announcement

နောက်ပြီးဆင်ကျန်းမာရေးရော လူတွေအတွက် ကျန်းမာရေးရောပါတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ကနီမြို့နယ်အခြေစိုက် KLG PDFသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့