Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆင်ကောင်ရေ ၃၅ကောင်အားစောင့်ရှောက်နေသော CDM ဆင်ဦးစီးအပါအဝင် အိမ်ထောင်စုများအတွက် ငွေနှင့် စားနပ်ရိက္ခာအချို့ KLG PDF ထောက်ပံ့

ကနီမြို့နယ်အခြေစိုက် KLG PDFသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်။

ဓာတ်ပုံ - KLG PDF
ဓာတ်ပုံ - KLG PDF

ဆင်ကောင်ရေ ၃၅ ကောင်အားစောင့်ရှောက်နေသော CDM ဆင်ဦးစီးအပါအဝင် အိမ်ထောင်စုများအတွက် ငွေနှင့် စားနပ်ရိက္ခာအချို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း KLG PDF က ယနေ့ (သြဂုတ် ၁၇ ရက်) ထုတ်ပြန်သည်။

ဆင်များအား ထိန်းသိမ်းရှောက်ထားနေသော CDM ဆင်ဦးစီးမိသားစုအပါအဝင် အိမ်ထောင်စု ၃၃ စုရှိပြီး လူဦးရေ ၁၁၇ ဦးအတွက် ဆန်တင်း ၇၀ ကျော်၊ကျပ်သိန်း ၃၀ကျော်နှင့် ဆီ၊ ဆားများပေးအပ်ခဲ့သည်ဟု ဆိုသည်။

စားဝတ်နေရေးလုံးဝ အဆင်မပြေတော့သည်ကို အကူအညီတောင်းခံလာခြင်းကြောင့် အရေးပေါ် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း KLG PDF တာဝန်ရှိသူက ဆိုသည်။

“ဆင်ဦးစီးတွေ CDMဝင်ထားတဲ့အတွက်ကြောင့် စားဝတ်နေရေး အရမ်းကို ဒုက္ခရောက်နေတယ် ။​

Public Service Announcement

Public Service Announcement

နောက်ပြီးဆင်ကျန်းမာရေးရော လူတွေအတွက် ကျန်းမာရေးရောပါတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ကနီမြို့နယ်အခြေစိုက် KLG PDFသည် ဒေသတွင်းရှိ ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။