Connect with us

Hi, what are you looking for?

သတင်း

CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်

ဗိုလ်ကြီး အောင်ဆန်းဖုန်သည် ရဝမ်လူမျိုးတစ်ဦးဖြစ်သည်။ ရှေ့တန်းစခန်းတွင် ဆရာဝန်များက ဂရုတစိုက်ကုသပေးခဲ့သော်လည်း ကွယ်လွန်ခဲ့ခြင်းဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်
CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်

CDM ဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းစခန်းတစ်နေရာတွင် အဖျားပြင်းထန်၍ ကွယ်လွန်သွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဗိုလ်ကြီးအောင်ဆန်းဖုန် ကြည်း(၇၀၄၃၈)သည်တပ်မဟာ(၈)ပြည်သူ့ရင်ခွင်စခန်းတွင် သြဂုတ် ၁၆ရက်က ကွယ်လွန်သွားခြင်းဖြစ်သည်။

” ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်သတ်ဖြတ်နေသော အစိုးရကို CDM ပြုလုပ်ပြီး ကိုယ်ကျိုး ရာထူးစွန့်ကာ ပြည်သူဘက်ရပ်တည် သော ဗိုလ်ကြီး အောင်ဆန်းဖုန် ကြည်း/၇၀၄၃၈၊ စခန်းတစ်နေရာတွင် ရုတ်တရက် အပြင်းဖျားကာ ကွယ်လွန်သွားကြောင်း သိရလို့ အလွန် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျန်ရစ်သည့် မိသားစုများကို ဘုရားသခင် ထံတော်ပါးမှ နှိမ့်သိမ့် မူရ‌ ကြပါစေ”ဟု ဒီချုပ်အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးချန်းဂျော်ရ်ရမ်က သူ​၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဗိုလ်ကြီး အောင်ဆန်းဖုန်သည် ရဝမ်လူမျိုးတစ်ဦးဖြစ်သည်။ ရှေ့တန်းစခန်းတွင် ဆရာဝန်များက ဂရုတစိုက်ကုသပေးခဲ့သော်လည်း ကွယ်လွန်ခဲ့ခြင်းဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအတွက် လူသိရှင်ကြားပေးဆပ် နေရသူတွေရော ၊လူမသိသူမသိပေးဆပ်နေသူတွေရော ရှိနေတယ်။ ဒီစစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်မှ အားလုံးကောင်းသွားမှာ”ဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။