Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်

ဗိုလ်ကြီး အောင်ဆန်းဖုန်သည် ရဝမ်လူမျိုးတစ်ဦးဖြစ်သည်။ ရှေ့တန်းစခန်းတွင် ဆရာဝန်များက ဂရုတစိုက်ကုသပေးခဲ့သော်လည်း ကွယ်လွန်ခဲ့ခြင်းဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်
CDM ဗိုလ်ကြီးတစ်ဦး အဖျားပြင်းထန်၍ ကွယ်လွန်

CDM ဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းစခန်းတစ်နေရာတွင် အဖျားပြင်းထန်၍ ကွယ်လွန်သွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဗိုလ်ကြီးအောင်ဆန်းဖုန် ကြည်း(၇၀၄၃၈)သည်တပ်မဟာ(၈)ပြည်သူ့ရင်ခွင်စခန်းတွင် သြဂုတ် ၁၆ရက်က ကွယ်လွန်သွားခြင်းဖြစ်သည်။

” ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်သတ်ဖြတ်နေသော အစိုးရကို CDM ပြုလုပ်ပြီး ကိုယ်ကျိုး ရာထူးစွန့်ကာ ပြည်သူဘက်ရပ်တည် သော ဗိုလ်ကြီး အောင်ဆန်းဖုန် ကြည်း/၇၀၄၃၈၊ စခန်းတစ်နေရာတွင် ရုတ်တရက် အပြင်းဖျားကာ ကွယ်လွန်သွားကြောင်း သိရလို့ အလွန် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျန်ရစ်သည့် မိသားစုများကို ဘုရားသခင် ထံတော်ပါးမှ နှိမ့်သိမ့် မူရ‌ ကြပါစေ”ဟု ဒီချုပ်အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးချန်းဂျော်ရ်ရမ်က သူ​၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဗိုလ်ကြီး အောင်ဆန်းဖုန်သည် ရဝမ်လူမျိုးတစ်ဦးဖြစ်သည်။ ရှေ့တန်းစခန်းတွင် ဆရာဝန်များက ဂရုတစိုက်ကုသပေးခဲ့သော်လည်း ကွယ်လွန်ခဲ့ခြင်းဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအတွက် လူသိရှင်ကြားပေးဆပ် နေရသူတွေရော ၊လူမသိသူမသိပေးဆပ်နေသူတွေရော ရှိနေတယ်။ ဒီစစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်မှ အားလုံးကောင်းသွားမှာ”ဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။