Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်း၍ စပါးနှင့် ကြက်သွန်ပျိုးခင်းများ ရေမြုပ်ပျက်စီး

စပါးမချွေရသေးသော ကောက်လှိုင်းများအား ပေါက်တောင်ပိုင်း ပလဖ ဇုန်(၂) ဒေါင်းမင်းစခန်းမှ ပလဖတပ်ဖွဲ့ ဝင်များက တောင်သူများနှင့်အတူ သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ
ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ

​မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ၃ ရက်ဆက် ရွာသွန်းခဲ့သောမိုးကြောင့် စပါးနှင့် ကြက်သွန်ပျိုးခင်းများ ရေမြုပ်၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ၃ ရက်ဆက် မိုးကောင်းခဲ့၍ ရိတ်သိမ်းပြီးစ စပါးများနှင့် ကြက်သွန်ပျိုးခင်းများ ရေမြုပ်ကာ ဆုံးရှုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

စပါးစိုက်ဧကတစ်ရာကျော်ခန့် ပျက်စီးနိုင်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ခန့်မှန်းသည်။

ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ
ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ

“အခုရာသီက စပါးရိတ်သိမ်းချိန်ဖြစ်တယ်။ တချို့ကရိတ်ပြီးတော့ လယ်ထဲမှာပဲချထားတော့မိုးကရွာတော့ လယ်ထဲရေပြည့်ပြီး စကားလှိုင်းတွေရေစိုတာတို့ မရိတ်ရသေးတဲ့အခင်းတွေရေစိုတာတို့သီးနှံပျက်တာ။ အရင်ကတင်း၆၀လောက်ရတဲ့အခင်းက အခုတင်း၄၀လောက်ပဲရတော့တယ်။”ဟုပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကြက်သွန်ပျိုးခင်းများလည်း အများအပြား ရေမြုပ်ခဲ့ပြီး မျိုးစေ့ဖိုး၊မြေသြဇာနှင့် လုပ်သားခများ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ
ရေနစ်မြုပ်ခဲ့သော စပါးကောက်လှိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်ပလဖ

စပါးမချွေရသေးသော ကောက်လှိုင်းများအား ပေါက်တောင်ပိုင်း ပလဖ ဇုန်(၂) ဒေါင်းမင်းစခန်းမှ ပလဖတပ်ဖွဲ့ ဝင်များက တောင်သူများနှင့်အတူ သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မိုခါမုန်တိုင်းကြောင့် ပေါက်နယ်အတွင်းရှိ သီးနှံခင်းများ ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

သတင်း

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလကအသိပေးသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။