Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်အတွင်း စစ်တပ်စစ်ကြောင်း ဝင်လာလို့ ဒေသခံတွေ ကြိုပြင်ကြဖို့ အညာမြေအရပ် ဖက်လူမှုအဖွဲ့အစည်း-မြိုင် သတိပေး

​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက် လူသားစာနာဌာန)

​ဇူလိုင် ၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။

မနေ့က ဇွန်လ ၃၀ ရက် မနက်ပိုင်းက ပခုက္ကူတပ်မ (၁၀၁)ကနေ အင်အား ၄၀၀ ခန့်နဲ့ ရိက္ခာတင်ကား ၇ စီးပါဝင်တဲ့ အဆိုပါစစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရေထွက်ကြီးကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီမနက်မှာ စစ်ကြောင်း ဆက်ထွက်လာကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရေထွက်ကြီးရွာရဲ့ အနောက်ဘက် အနောက်တောင်ဘက် တွေကို ရှေ့ပြေးတွေ ထွက်နေပြီး ညောင်ရေတည်း ကျေးရွာအနီးတဝိုက်တွေကိုရောက်နေပြီ လို့သိရပါတယ်။ကားတန်းကတော့ ရေထွက်ကြီးရွာအနောက်ဘက်က ချောင်းရိုးထဲမှာ နစ်နေတယ်လို့ သိရပါတယ်။ စစ်ကြောင်းဟာ ပေါက်နယ်က ရေပြာစခန်းကို ပြန်ထိုင်ဖို့ သွားတာဖြစ်မယ်လို့ ယူဆပါတယ်”လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ပေါက်မြို့နယ် ရေပြာရွာဘက်နဲ့ စက်မှု (၂)ဘက်ကို လည်းသွားနိုင်တယ်လို့ ယူဆရတဲ့အတွက် ၄င်းလမ်းပိုင်းပေါ်မှာရှိတဲ့ ပြည်သူများကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က နှိုးဆော်ပါတယ်။

စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄၀ ကျော်ကို သ​တ်ဖြတ်ကာ မြိုင်မြို့နယ်ဘက်မှလည်း စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထက်မနည်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၄၅၀၊ လူဦးရေ ၂၀၀၀ နီးပါး နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊သရက်မြို့နယ် အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့နယ်ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မ‌ကွေးတိုင်း၊မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ ပခုက္ကူမြို့ကို ပြန်သယ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

သေဆုံးဒဏ်ရာရ စစ်အုပ်စုကို ဧရာဝတီမြစ်ဖြတ်ပြီး လာသယ်တဲ့​ ရေယာဥ် ထပ်မံတိုက်ခိုက်ခံရ

Facebook