Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကမိုင်းတွေ့၍ ယူ​ဆောင်သွားစဥ် လက်ထဲ​ပေါက်ကွဲသဖြင့် ၅ ဦး​သေဟု မုံရွာ​တောင်ပိုင်းPDF ​ပြော

ယနေ့ (သြဂုတ်လ၁၈ရက်)နံနက် ၇ နာရီ ၂၄ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင်စစ်တပ်က မိုင်းလာရှာခဲ့သည်။

(မုံရွာခရိုင်အတွင်း လမ်းပိုင်းတစ်နေရာတွင် တွေ့ရသည့်စစ်​ကောင်စီတပ်သားများ ။ ။ဓါတ်ပုံ-CJ)
(မုံရွာခရိုင်အတွင်း လမ်းပိုင်းတစ်နေရာတွင် တွေ့ရသည့်စစ်​ကောင်စီတပ်သားများ ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မိုင်း​ရှင်းလင်း​သောကားဖြင့်လာသည့် စစ်​ကောင်စီတပ်က မိုင်းရှာတွေ့ပြီး​နောက်သိမ်းဆည်းသွားချိန်တွင် ၎င်းတို့လက်ထဲအရောက်ဖောက်ခွဲတိုက်ခိုက်ရာ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းPeople’s Defence Force – South Monywaက သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်လ၁၈ရက်)နံနက် ၇ နာရီ ၂၄ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင်စစ်တပ်က မိုင်းလာရှာခဲ့သည်။

PDF အဖွဲ့ မြှုပ်ထားသည့် ပဒေသာမိုင်း၃လုံးအားစစ်​ကောင်စီတပ်ကရှာတွေ့သွားပြီး​သယ်ယူသွားစဥ် ထိုမိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်သား ၅ ဦးသေဆုံးနိုင်ကာထိခိုက်ဒဏ်ရာရမှုများရှိကြောင်း PDF- South Monywa သည် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

PDF South Monywaအဖွဲ့ တာဝန်ရှိသူ Daung Karyanက “ဒီနေ့မနက် မုံရွာ နမခ (အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်) ကနေဂျန်ပါကားတွေနဲ့ထွက်လာပြီး မအူဂိတ်ကနေ ခြေကျင်တွေရော၊ ဂျန်ပါကားနဲ့ပါ မိုင်းရှင်းလင်းရေးထွက်လာကြတာပါ။ လမ်းမှာ ကျွန်တော်တို့ပွိုင့်ကိုတွေ့ပြီး ဒီကောင်တွေ ဂျန်ပါကားထိုးဖော်ကြတာကြိုးတန်းလန်းနဲ့မိုင်းတွေကိုသယ်လာတာ။ အဲ့မှာကျွန်တော်တို့မိုင်းတွေက အထူး

Public Service Announcement

Public Service Announcement

ပြုလုပ်ထားတာ ဂျန်ပါလွတ်တယ်။ ထခွဲလိုက်တာ လက်ထဲမှာတင်မိုင်းကထပွင့်တာ အပိုင်းပိုင်းအပြတ်ပြတ်ပဲ။ ၃ခုလုံးထပွင့်တာဆိုတော့ အနားမှာရှိတဲ့ ကောင်တွေ အကုန်မှန်တာ ၅ ကောင်ကတော့ နေရာမှာပဲ ပွဲချင်းပြီးသွားတယ်။တော်တော်များများပြင်းထန်ဒဏ်ရာရသွားတယ်။”ဟု ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သြဂုတ်လ၁၇ရက်နံနက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywaက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။