Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများ စစ်ကားများနှင့် ကပ်မလိုက်ရန်အပါအဝင်လိုက်နာရန်အချက်များကို ရေးပြောက်ကျားတပ်ဖွဲ့ သတိပေး

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

ရေးမြို့နယ်
ရေးမြို့နယ်

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများအနေဖြင့် စစ်ကောင်စီကားများနှင့်ခပ်ဝေး‌ဝေးမောင်နှင်ရန်အပါအဝင် အချက် သုံးချက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၁၈ ရက်ကထုတ်ပြန်သတိ​ပေးသည်။

ကားမှန်များချမောင်းနှင်ရန်၊ စတေကာအမဲများကပ်ထားပါက ခွာထားကြရန်၊ ယာဉ်များတွင် အမိုးအကာများ ဖုံးကာထားခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ကားများ၊ စစ်ကောင်စီယာဉ်ဟု ထင်မြင်ရသည့် ယာဉ်များကို တွေ့ရှိပါက ကပ်မလိုက်ရန်နှင့်ယှဉ်တွဲသွားလာခြင်းမပြုရန်သတိ​ပေးထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အဆိုပါထုတ်ပြန်ချက်များသည် အိမ်စီးကား၊ ခရီးတင်ကားနှင့်ကုန်တင်များအတွက်ဖြစ်ပြီး သတိပေးချက်ကို လိုက်နာကြရန်လည်း ရေးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အထက်ပါသတ်မှတ်ချက်များအတိုင်း ရေးမြို့နယ် သံဖြူဇရပ်မှ တနင်္သာရီတိုင်း မလွဲတောင်အထိမောင်းနှင်ရမည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗျူဟာ (၃၃)၊ ဒေါနတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ကားတစ်စီးက တန်းစီနေသည့်ကားများဝင်တိုက်မှု ယနေ့ (မတ်လ ၃၁) နံနက်က ဖြစ်ပွားခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ရေးဘီလူးခေါင်ဆောင်က လူထုနွေဦးသို့ ပြောသည်။