Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကိုဖြုတ်လိုက်ပြီး သေနတ်ပစ်ခံရသူ ဒေါ်သန်းသန်းဆွေကို ဥက္ကဋ္ဌအဖြစ်ပြောင်းခန့်

စစ်ကောင်စီသြဇာခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသိန်းညိမ်းနဲ့ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ ကို စစ်ကောင်စီကအနားပေးလိုက်တာပါ။

စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူဒေါ်သန်းသန်းဆွေ
စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူဒေါ်သန်းသန်းဆွေ

အာဏာသိမ်းပြီးနောက် အသစ်ပြန်ဖွဲ့ထားတဲ့ ဗဟိုဘဏ် ရဲ့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတွေကို စစ်ကောင်စီက အနားပေးလိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခံရသူ ဒု ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။

စစ်ကောင်စီသြဇာခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသိန်းညိမ်းနဲ့ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ ကို စစ်ကောင်စီကအနားပေးလိုက်တာပါ။

အဲဒီနောက်လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ နေရာမှာ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကိုအစားထိုးခန့်အပ်ပါတယ်။

ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ရန်ကုန်ကနေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။