Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားငွေလွှဲရာတွင် ခွင့်ပြုချက်ရယူရမည့်အမိန့်ကို တစ်ရက်တစ်ခါ စစ်ကောင်စီပြောင်းနေ

စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ဖြည့်တင်းရန် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ဧပြီ ၄ ရက်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် တရက်အတွင်းရောင်းချရမည်ဟု ဖိအားပေးခဲ့သည်။

နိုင်ငံခြားငွေလွှဲရာတွင် ခွင့်ပြုချက်ရယူရမည့်အမိန့်ကို တစ်ရက်တစ်ခါ စစ်ကောင်စီပြောင်းနေ
နိုင်ငံခြားငွေလွှဲရာတွင် ခွင့်ပြုချက်ရယူရမည့်အမိန့်ကို တစ်ရက်တစ်ခါ စစ်ကောင်စီပြောင်းနေ

ဒေါ်လာရငွေများကို ကျပ်ငွေပြောင်းလဲခွင့် ကင်းလွတ်သည့် ကုမ္ပဏီ/လူပုဂ္ဂိုလ်များသည် နိုင်ငံခြားသို့ ဒေါ်လာငွေလွှဲရာတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရမည်ဟုစစ်ကောင်စီဗဟိုဘဏ်က တစ်ရက်အတွင်းပြောင်းလဲထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီ၊လူပုဂ္ဂိုလ်များ၏ ရငွေဒေါ်လာများကို နိုင်ငံခြားသို့ငွေလွှဲပါက စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရန်မလိုကြောင်း ဩဂုတ် ၁၅ ရက်တွင် ကြေညာခဲ့ပြီး၊ တစ်ရက်အကြာတွင် ထိုထုတ်ပြန်ချက်ကို ပြန်လည် ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ဒေါ်လာကို နိုင်ငံဖြတ်ကျော်ငွေပေးချေရာတွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရန်မလိုအပ်တော့​ကြောင်း၊ ကင်းလွတ်ခွင့်ရသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များထံမှ ဝယ်ယူသူများသည်လည်း နိုင်ငံဖြတ်ကျော်ငွေပေးချေမှုကိုလည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုတော့​ကြောင်း စစ်ကောင်စီက သြဂုတ် ၁၅ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုထုတ်ပြန်ချက်ကို ဩဂုတ် ၁၆ ရက်တွင်ပြန်လည်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

“အရင်က ကိုယ်တိုင်သုံးသုံး၊ဘာလုပ်လုပ်ကြိုက်တာလွတ်လွတ်လပ်လပ်လုပ်။ ဒီနေ့ကျတော့ ကိုယ့်သဘောနဲ့မလုပ်နဲ့ဦး ငါတို့ ခွင့်ပြုမှလုပ်။ အရင်ရက်က မှားသွားလို့ဆိုတဲ့သဘောပါ။ တော်တော် ရီစရာကောင်းတဲ့ အမိန့်တွေ”ဟု ရန်ကုန်အခြေစိုက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ထိုသို့ အမိန့်၊ ညွန့်ကြားချက်များ မတည်ငြိမ်ခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေပြီး လုပ်ငန်းများရပ်ဆိုင်းထားရသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

“ဗရမ်းဗတာအမိန့်​တွေထုတ်ပြီးလုပ်​နေကတည်းက သူတို့မှာ ​ငွေ​ကြေးမူဝါရာဆိုင် အ​တွေ့အကြုံ ဗဟုသုတမရှိဘူးဆိုတာ ​ပေါ်လွင်​နေတယ်။ ​ဒေါ်လာနဲ့ပတ်သတ်ပြီး စစ်​ကောင်စီအတွက် ကူရာကယ်ရာမဲ့​နေတယ်ဆို သိသာ​နေတယ်”ဟု ​ဘဏ္ဍာ​ရေးဝန်​ဆောင်မှုလုပ်ငန်း​ဆောင်ရွက်​နေသည့် ကုမ္ပဏီတခုမှ ဒါရိုက်တာတစ်ဦးက​ပြောသည်။

ထိုအပြင် စစ်ကောင်စီက ပို့ကုန်လုပ်ငန်းများ၏ရငွေ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ကျပ်ဖြင့် နေ့ခြင်းပြီး ကျပ်ငွေပြောင်းရမည်ဟုဖိအား​ပေးထားသည်။ ကျန် ၃၅ ရာခိုင်နှုန်းကိုမူ တစ်လအတွင်း သုံးစွဲနိုင်ပြီး နိုင်ငံခြားသို့ ငွေလွှဲပါက စစ်ကောင်စီ၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ဆိုထားသည်။ ၆၅ ရာခိုင်းနှုန်းကို ​ရောင်းချခြင်းနှင့် ဝယ်ယူသူအတွက်လည်း ကန့်သတ်ချက်များစွာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဗဟိုဘဏ်က ဧပြီ ၃ ရက် တစ်ဒေါ်လာကို ၁၈၅၀ကျပ် သတ်မှတ်ထားပြီး ဩဂုတ် ၅ ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့်ပြောင်းလဲသတ်မှတ်ခဲ့သည်။

စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ဖြည့်တင်းရန် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ဧပြီ ၄ ရက်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် တရက်အတွင်းရောင်းချရမည်ဟု ဖိအားပေးခဲ့သည်။

သို့​သော်စစ်​ကောင်စီ၏ မတည်ငြိမ်ဘဲ အမျိုးမျိုး​ပြောင်းလဲ​နေ​သော ညွန်ကြားချက်များ​ကြောင့် ​ဒေါ်လာ​ဈေးမှာ ပိုမိုလှုပ်ခတ်​နေပြီးလက်ရှိ​ပြည်တွင်း​ငွေ​ကြေးဈေးကွက်တွင် တစ်ဒေါ်လာကို ကျပ်၃၀၀၀ ​​ကျော်အထိ့စံချိန်တင်ဈေးတက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်