Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထောက်တိုင် ထွေအုပ်အရာတမ်းများအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း NUG ကြေညာ

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြစဉ်။ ဓာတ်ပုံ -CJ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြစဉ်။ ဓာတ်ပုံ -CJ

မကြာမီပေါ်ပေါက်လာမည့် ပြည်သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီထောက်တိုင်အဖြစ် အမှုထမ်းလျှက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌနာမှ အရာတမ်းများအား ဆက်လက်တာဝန်ထမ်းဆောင်ခွင့်မရှိစေဘဲ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးသတင်းများပေးပို့ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ငွေကြေးထောက်ပံ့ခြင်း၊ NUG ပြည်ထဲရေးဝန်းကြီးဌာနအောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနသို့ချိတ်ဆက်ကာ ငွေ ကြေးနှင့် အခြားအထောက်အပံ့များ ပေးပို့လျှက်ရှိသော အရာထမ်းနှင့် အခြား ပြည်သူ့ဝန်ထမ်းများမှာ ထုတ်ပယ်မည့်စာရင်းတွင် ပါဝင်ခြင်းမရှိဟု အတိအအလင်းဖော်ပြထားသည်။

“ပြည်သူ့ဘက်တော်သား ဝန်ထမ်းများအား ပါဝင်ခြင်းမရှိစေဘဲ ၎င်းပုဂ္ဂိုလ်တို့၏ ရဲရင့်သော စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေမှုများအပေါ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်သည်”ဟု ထည့်သွင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ပြည်နယ်၊ တိုင်းနှင့် နေပြည်တောင်ကောင်စီ အုပ်ချုပ်ရေးမှူးတို့အား အမည်ပျက်စာရင်းသွင်းခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ် ပယ်ခြင်းကို ၂၀၂၁ ခုနှစ် နိုင်ဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။