Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – ကလိန်အောင်လမ်းပိုင်းတွင် ရဲနှင့် ပျူစောထီးများလိုက်ပါသည့်ယာဥ်ကို တိုက်ခိုက်၊ ဒုရဲအုပ်နှင့် ပျူနစ်ဦးသေ

“ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်”ဟု ဖော်ပြသည်။

(ထားဝယ်-ကလိန်အောင်လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)
(ထားဝယ်-ကလိန်အောင်လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)

ထားဝယ် – ကလိန်အောင်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများစီးနင်းလိုက်ပါလာသည့် ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KBDF)က ယနေ့ (သြဂုတ် ၂၀) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၉)ရက်နံနက် ၉ နာရီခွဲတွင် ထား ဝယ်-ကလိန်အောင်လမ်း မိုင်တိုင်(၄၀) အနီးတွင် ထားဝယ်ဖက်သို့ ဦးတည်မောင်းနှင်လာသော ကံပေါက်နယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦး၊ ပျူစောထီး ၊ ဒလန်စုစုပေါင်းခြောက်ဦးပါ ယာဥ်တစ်စီးကို KBDF နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့-TPLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်”ဟု ဖော်ပြသည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး မိနစ်၂၀ခန့်တွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ အခင်းဖြစ်ပွားရာအနီး တောစပ်များသို့ လက်နက်ကြီးဖြင့် သုံးချက်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း KBDF နှင့် ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့-TPLF တို့ ဘေးကင်းလုံခြုံရာနယ် မြေသို့ အောင်မြင်စွာ ခွာစစ်ဆင်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။