Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းတွင် စစ်ထောက်လှမ်းရေးတစ်ဦး ဖမ်းဆီးရမိ၊ ခုခံထွက်ပြေး၍ ရှင်းလင်းခဲ့ရဟု ‌ထုတ်ပြန်

မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDFများအကြား တိုက်ပွဲများဖြစ်ပွားနေပြီး မြိုင်-ပခုက္ကူလမ်းအပါအဝင် လမ်းပိုင်းများတွင် PDF အဖွဲ့များက မကြာခဏစစ်ဆေးမှုများ ဆောင်ရွက်နေကြသည်။

စစ်ထောက်လှမ်းရေးထံမှသိမ်းဆည်းရမိသော စာရွက်စာတမ်းနှင့် ပစ္စ​ည်းများ၊ဓာတ်ပုံ - မြိုင်(ပ.က.ဖ)
စစ်ထောက်လှမ်းရေးထံမှသိမ်းဆည်းရမိသော စာရွက်စာတမ်းနှင့် ပစ္စ​ည်းများ၊ဓာတ်ပုံ - မြိုင်(ပ.က.ဖ)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ထောက်လှမ်းရေးတစ်ဦးအား စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းက ပြန်လည်ခုခံထွက်ပြေးသဖြင့် ရှင်းလင်းခဲ့ရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်လ ၂၀ ရက်) ညနေ ၅ နာရီခန့်က မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်က စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းစစ်ထောက်လှမ်းရေးသည် ရဲဘော်များအား ပြန်လည်ခုခံထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အ‌သေပစ်ခတ်ရရှိကြောင်း မြိုင်(ပ.က.ဖ)က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြိုင် (ပ.က.ဖ)အဖွဲ့က ဗိုလ်လက်ယျာက “ပခုက္ကူဘက်က လာတဲ့ကားမှာ ပခုက္ကူနဲ့ မြိုင်နယ်အစပ်မှာမိတာ။ စစ်ဆေးတော့ ကျွန်တော်တို့အဖွဲ့ထဲက ငယ်တဲ့ကလေးတွေဆီကနေ လက်နက်ဝင်လုဖို့လုပ်တာ။ အဲဒါကြောင့် ရှင်းပစ်လိုက်ရတာ။ DSA အပတ်စဥ် ၆၀က။ အရပ်ဝတ်နဲ့လာတာ။ ဟိုလိုဆိုရင် သူ့ကိုကောင်းကောင်းမွန်မွန်ထား မေးစရာရှိတာမေးပြီး လွတ်မြောက်နယ်မြေပို့ပေးမှာပါ။ အခုတော့လက်နက်ဝင်လုလို့ ရှင်းလိုက်တာပါ။”ဟု ပြောသည်။

ယင်းစစ်ထောက်လှမ်းရေးထံမှ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ) က အသိပေးသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDFများအကြား တိုက်ပွဲများဖြစ်ပွားနေပြီး မြိုင်-ပခုက္ကူလမ်းအပါအဝင် လမ်းပိုင်းများတွင် PDF အဖွဲ့များက မကြာခဏစစ်ဆေးမှုများ ဆောင်ရွက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။