Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် ဇီးဖြူပင်ကြိုးတံတားအနီး ခြေကျင်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

ယမန်နေ့ (သြဂုတ် ၂၁ ရက်) နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ဇီးဖြူပင်ကြိုးတံတားအနီးသို့ အင်အား (၂၇)ဦးခန့်ဖြင့် ခြေကျင်တက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်သိမ်းအဖွဲ့နှင့် နတ်ဆိုးပြောက်ကျားတပ်တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Update News
Update News

မန္တလေးတိုင်း မတ္တရာမြို့နယ် ဇီးဖြူပင်ကြိုးတံတားအနီး ခြေကျင်တက်လာသည့်စစ်ကြောင်းကို မဟာမိတ်ညီ နောင်နှစ်ဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသွားကြောင်း နတ်ဆိုးပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ် ၂၂) ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂၁ ရက်) နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ဇီးဖြူပင်ကြိုးတံတားအနီးသို့ အင်အား (၂၇)ဦးခန့်ဖြင့် ခြေကျင်တက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်သိမ်းအဖွဲ့နှင့် နတ်ဆိုးပြောက်ကျားတပ်တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“နတ်ဆိုးနှင့်တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့တို့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခသုံးကောင် ငရဲရောက်၍ အများအပြားထိခိုက် ဒဏ်ရာ အပြင်းထန်ရကာ မေကြီးရေဟုအော်၍ ပြေးသွားပြီး စစ်ကူခေါ်ကာ အလောင်းများလာကောက်၍ နေရာတွင်မြုပ်သွားပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ္တရာနယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ် ဆောင်ရန် လာရောက်ခြင်းဖြစ်သော်လည်း ၎င်းတို့တပ်များသာ မကြာခဏတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ၍သာ တပ်ပြန်ဆုတ်သွားရကြောင်း နတ်ဆိုးပြောက်ကျားတပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ကလည်း မတ္တရာနယ် ညောင်ငုတ်တိုနှင့် ကျောက်ဆည်လေးကျေးရွာကြားတွင် ယာဉ်အစီးရေ ရှစ်စီးပါ စစ်ယာဥ်တန်းအား နတ်ဆိုးအဖွဲ့နှင့် မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးကာ စစ်ကောင်စီတပ်သား (၁၂)ဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။