Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖိတ်တဲ့ပွဲသွားတတက်တဲ့ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို လားဟူဒီမိုကရက်တစ်အစည်းအရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ

ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို မ်မိတို့ LDU အနေနဲ့ LDU အမည်နာမကို အလွဲသုံးစားခြင်းမပြုဖို့ အကြိမ်ကြိမ်သတိပေးထုတ်ပြန်ပြီဖြစ်ပေမယ့် ထပ်မံအသုံးပြုလာတဲ့အပေါ် ပြင်းထန်စွာရှုံ့ချကန့်ကွက်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

စစ်ကောင်စီဖိတ်တဲ့ပွဲသွားတတက်တဲ့ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို လားဟူဒီမိုကရက်တစ်အစည်းအရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ
စစ်ကောင်စီဖိတ်တဲ့ပွဲသွားတတက်တဲ့ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို လားဟူဒီမိုကရက်တစ်အစည်းအရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ

ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ရဲ့ အမည်ကိုအသုံးပြုပြီး စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တာနဲ့ပတ်သက်လို့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်စာထုတ်ပြန်လိုက်ပါတယ်။

ဒီလိုတက်ရောက်မှုက ကိုယ်ကျိုးစီးပွားအတွက်သာဖြစ်လို့ ရှုံ့ချကန့်ကွက်ပြီး လားဟူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူးလို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဌကျာဟားက ဒီကနေ့ ဩဂုတ်လ (၂၂)ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက​ခေါ်ယူကျင်းပတဲ့ ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်တဲ့ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ LDU ရဲ့ အမည်နာမကို ထပ်မံအလွဲသုံးစားမှုသာဖြစ်ပြီး (၁၉၇၃)ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ လားဟူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ လားဟာဒီမိုကရက်တစ်အစည်းအရုံး(LDU)ကို ကိုယ်စားမပြုဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို မ်မိတို့ LDU အနေနဲ့ LDU အမည်နာမကို အလွဲသုံးစားခြင်းမပြုဖို့ အကြိမ်ကြိမ်သတိပေးထုတ်ပြန်ပြီဖြစ်ပေမယ့် ထပ်မံအသုံးပြုလာတဲ့အပေါ် ပြင်းထန်စွာရှုံ့ချကန့်ကွက်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လားဟူအမျိုးသားတွေ စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေးရှုခြင်းမဟုတ်ပဲ မိမိရဲ့ကိုယ်ကျိုးစီးပွားတွေအတွက်သာ လုပ်ဆောင်နေခြင်းအပေါ် များစွာရှုံ့ချကြောင်းနဲ့ မိမိတို့ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမှာဖြစ်လို့ LDU က သတိပေးကြေညာထားပါတယ်။

စစ်ကောင်စီက ခေါ်ယူကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်နိုင်ဖို့အတွက် ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို အဖက်ဖက်ကနေကူညီထောက်ပံ့နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ လားဟူပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းမဟုတ်ဘူးလို့ LDU က ထပ်မံအသိပေးလိုက်ပါတယ်။

ဒါ့အပြင် မိမိတို့ LDU အနေနဲ့ လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်စေရေးအတွက် အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ လာဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဌ ကျာဆော်လမွန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ကို ဩဂုတ်(၂၁)ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook