Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံ (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို အသတ်ခံရ

“ရန်သူကလည်း သူ့အလုပ်သူလုပ်သလို ကျွန် တော်တို့ကလည်း ရန်သူ့ရဲ့ထောက်တိုင်တွေကို တဆင့်ချင်း အမြစ်ပါမကျန်ဖြုတ်ချပစ်ဖို့ အမြဲတမ်းကြိုးစားတော်လှန်နေပါတယ်”ဟု SDGF က အသိပေးသည်။

(တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေစဉ်)
(တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေစဉ်)

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်သုတ် သင်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့(SDGF)က ယနေ့(သြဂုတ် ၂၃) ထုတ်ပြန်သည်။

အမှတ် (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး တင်အောင်ဆိုသူကို နံနက် ၉ နာရီခွဲခန့်တွင် ကော့သောင်းလမ်းထိပ်အနီး သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်၍ သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အခင်ဖြစ်ပွားပြီး‌ သေဆုံးသွားပါတယ် ခင်ဗျာ။ မြေပြင် အခြေအနေအရတော့ မှတ်တမ်းဓါတ်ပုံ ရယူနိုင်ခဲ့ခြင်း မရှိပါဘူးခင်ဗျာ”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် တင်အောင်ဆိုသူသည် ကြံခိုင်ရေးပါတီတွင် အချိန်ကြာမြင့်စွာလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိစစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင် ရာအိမ်မှူးအမည်ခံကာ မြို့နယ်ထွေအုပ်တွေကိုပါစည်းရုံးကာ UG ရဲဘော်များနှင့် မြေပြင်သပိတ်များကို ဖမ်းစီး‌ရန် နောက်ကွယ် ကနေ ဦးစီးလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း SDGF ရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ရန်သူကလည်း သူ့အလုပ်သူလုပ်သလို ကျွန် တော်တို့ကလည်း ရန်သူ့ရဲ့ထောက်တိုင်တွေကို တဆင့်ချင်း အမြစ်ပါမကျန်ဖြုတ်ချပစ်ဖို့ အမြဲတမ်းကြိုးစားတော်လှန်နေပါတယ်”ဟု SDGF က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းတို့အနေဖြင့် တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့် စစ်ရေးပစ်မှတ်များကို ယခုထက်ပို၍ အရှိန်မြင့်ချေမှုန်းသွားမည်အပြင် ပြည်သူနှင့် တစ်သားတည်းရှိနေမည်ဟု SDGF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook