Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှ စစ်ကောင်စီလက်အောက်ခံရဲသုံးဦးကိုတစ်ရက်တည်း သုတ်သင်ရှင်းလင်းခဲ့ဟု YPDF(Bahan) အသိပေး

“သုံးကောင်လုံးတော့ သေသွားပါပြီ။ (သြဂုတ်) ၁ ရက်နေ့ထဲက လုပ်တာပါ။ အခြေအနေကြည့်ရင်း ဒီနေ့မှစာထုတ်လိုက်တာ”ဟု YPDF(Bahan)မှ တာဝန်ခံ တော် လှန်ရေးရဲဘော်က ပြောသည်။

(ဆန္ဒပြ​နေသူများကို အကြမ်းဖက်ဖြိုခွဲ​နေ​သောရဲတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Myanmar Time /RSF)
(ဆန္ဒပြ​နေသူများကို အကြမ်းဖက်ဖြိုခွဲ​နေ​သောရဲတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Myanmar Time /RSF)

ရန်ကုန်မြို့ မြောက်ဥက္ကလာ၊ မြောက်ဒဂုံနှင့် မင်္ဂလာဒုံတို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးကို တစ်ရက်တည်းသုတ်သင်ရှင်းလင်းခဲ့ကြောင်း Yangon People’s Defense Force(Bahan)က ယနေ့(သြဂုတ် ၄)အသိပေးထုတ်ပြန်သည်။

အဆိုပါ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်မှုကို သြဂုတ် ၁ ရက်က မြို့နယ်သုံးခုလုံးတွင် တပြိုင်နက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး YPDF(Bahan)နှင့်အတူ Yangon North Oakkalapa Revolution(ygnnoprv) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

“သုံးကောင်လုံးတော့ သေသွားပါပြီ။ (သြဂုတ်) ၁ ရက်နေ့ထဲက လုပ်တာပါ။ အခြေအနေကြည့်ရင်း ဒီနေ့မှစာထုတ်လိုက်တာ”ဟု YPDF(Bahan)မှ တာဝန်ခံ တော် လှန်ရေးရဲဘော်က ပြောသည်။

အထက်ပါ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးအား သုတ်သင်ရှင်းလင်းရာတွင် မဂ်လာဒုံမြို့နယ်မှ ရဲတစ်ဦးကိုအနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရဲနှစ်ဦးအား သုတ်သင်ခဲ့သည့်အခြေအနေကိုမူ လုံခြုံရေးအရ ဖွင့်ချပြရန် အဆင်မပြေကြောင်းတာဝန်ခံရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

YPDF(Bahan)နှင့် မဟာမိတ်အဖွဲ့အနေဖြင့် လုံခြုံ ရေးအခြေအနေများအရ စစ်ရေးတိုက်ခိုက်မှုပြုလုပ်ပြီး လေးရက်မြောက်တွင်မှ အသိပေးထုတ်ပြန်ရသည့်အပေါ် ပြည်သူအား တောင်းပန်ထားပြီး ၎င်းတို့အနေဖြင့် အချိန်တစ်ခုရောက်သည့်အခါ ရှင်းလင်းလိုက်သော ရဲများ၏ ဌာနနှင့် အမည်များကို ထုတ်ပြန်ပေးသွားမည်ဟု အသိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook