Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မှစစ်​တပ်ကန့်ဘလူသို့စစ်ကူသွားချိန်ဖမ်းဆီးခံထားရသောပြည်သူ၆၀ကျော်ကိုဒေသတွင်းPDFများကယ်ထုတ်

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

(တန့်ဆည်PDFအဖွဲ့တစ်ဖွဲ့က ရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Taze PDF)
(တန့်ဆည်PDFအဖွဲ့တစ်ဖွဲ့က ရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Taze PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာရွာရှိစစ်​ကောင်စီတပ်အား ကန့်ဘလူနယ်စပ်တိုက်ပွဲသို့ စစ်ကူပို့ချိန် ၎င်းတို့ဖမ်းဆီးခေါ်ဆောင်ထားသည့် ပြည်သူ၆၀ကျော်အား ဒေသတွင်း PDFများက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်လ ၂၃ ရက်နေ့)နံနက်ပိုင်းက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်စပ်တွင် ဒေသတွင်း PDFများနှင့် အကြမ်းဖက်စစ်တပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ထိုတိုက်ပွဲသို့ စစ်တပ်သည်တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာရှိ စစ်ကောင်စီတပ်များအား စစ်ကူပို့ခဲ့သည်။ ထိုအချိန်တွင် ​​အောင်ချမ်းသာရွာ၌ အကြမ်းဖက်စစ်တပ်နှင့်အတူ ကျန်​နေခဲ့သည့် ဓါးစာခံဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူ​ပေါင်း ၆၀ ​ကျော်ကို ပြည်သူ့ရဲ​ဘော်​များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်း​တော်လှန်​ရေးသတင်းများ​​ဖော်ပြ​ပေး​နေ​သော Infinity Group ကအသိ​ပေးထားသည်။

ဓါးစာခံ​ဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊​အရာ​တော်၊ခင်ဦး၊​ရေဦး၊တန့်ဆည် နယ်​ပေါင်းစုံမှ ကျား၊မ အရွယ်စုံ​ ၆၀ ကျော်ပါရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်နယ်သားတစ်ဦးက ” ကန့်ဘလူဘက်က လက်နက်​တွေရလိုက်သလို ငါတို့ တန့်ဆည်ဘက်ကလဲ ပြည်သူ​တွေ ၆၀ ​ကျော် ပြန်ရလိုက်တယ်ကွ။ဒီ​နေ့​လောက် ​ပျော်စရာ​ကောင်းတဲ့​နေ့ မရှိ​သေးဘူးကွာ။ “ဟု Infinity Group သို့ဖြေကြားထားသည်။

ဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်နောက် လိုက်နေရသည်မှာ တစ်လခွဲခန့်ကြာပြီဟုလည်း သိရသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ တန့်ဆည်ဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ကန့်ဘလူနယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်သား၄၀​ကျော်သေဆုံးပြီး စစ်ဗိုလ်သုံးဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း၂က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။