Connect with us

Hi, what are you looking for?

သတင်း

ပုလောကုန်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်​ကြောင်းလည်း သိရသည်။

(ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလော PDF)
(ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလော PDF)

ပုလောမြို့နယ် ပုလောကုန်းကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ မြိုတ်ခရိုင် တပ်ရင်း (၁)မှ ယနေ့(သြဂုတ် ၂၄) ထုတ်ပြန်သည်။

“ကျွန်တော်တို့ ဘက်ကနေ သွားရောက် ပစ်ခတ်တာပါ။ သူတို့က ပုံမှန်တပ်စွဲထားတဲ့အတိုင်းရှိနေတုန်းသွားရောက်ပစ်ခတ်တာပါ။အာဏာသိမ်းကတည်းက တပ်စွဲထားတဲ့ ရွာပါ”ဟု မြိတ်ခရိုင်တပ်ရင်း (၁) မှတာဝန်ရှိက ​People’s Spring သို့ ပြောသည်။

ပုလောကုန်းကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့နံနက် ၈ နာရီခန့်က ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပု​လောPDFကအသိ​ပေးထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်​ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက် ၉ နာရီ ၃၀ ခန့်တွင် ထားဝယ်မြို့မှ ပုလောမြို့သို့ ဆင်းလာသော စစ်ကောင်စီ ယာဉ်တန်းကို ပုလောမြို့၊ မိုင်တိုင်အမှတ် (၄)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမှုကိုမူ မသိရသေးကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်များတွင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိုင်ခရိုင်တပ်ရင်း (၁)မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook