Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တိုက်ပွဲတွင် PDFတပ်ခွဲမှူးတစ်ဦးနှင့်KNDO တပ်စိတ်မှူးတစ်ဦးကျဆုံး

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

(ပု​လောမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PPDF)
(ပု​လောမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PPDF)

ပုလောမြို့နယ်အတွင်းယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတပ်ခွဲမှုးတစ်ဦးနှင့် KNDO တပ်စိတ်မှုးတစ်ဦးကျဆုံးခဲ့​ကြောင်းသိရသည်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KNDOပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည်ပုလောမြို့နယ်ပဝတ်ကုန်းရွာတွင်ယနေ့(ဇူလိုင် ၁၃ရက်)နံနက်နာရီခန့်ကစ၍တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ကလက်နက်အင်အားအသာဖြင့်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

“ကိုယ့်လူဘက်က သုံး ယောက်ထိခဲ့တယ်။သုံးယောက်မှာ နှစ် ယောက်ကျဆုံးတယ်။ တစ်ဦးအခြေနေမသိရသေးဘူး။ရန်သူ့စနိုက်ပါနဲ့ပစ်ခံထိတာ” ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ​သေဆုံး၊ဒဏ်ရာရမှုအ​ခြေအ​နေကိုမသိ့ရ​သေး​ကြောင်းလည်းသိရသည်။

စစ်အာဏာရှင်တော်လှန်ရေးရေးတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လူထုနှင့်တသားတည်းရပ်တည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့- EAOများက ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ပြီး ပြည်သူလူထုက နည်းမျိုးစုံ ကူညီထောက်ပံ့ပေးရန် တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက တိုက်တွန်းသည်။

“တော်လှန်ရေးမှာတော့ဒီလိုပေးဆပ်ရမှုတွေကမလွှဲမရှောင်သာ ရှိနေမှာပါ။အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ပြည်သူတွေကလဲ တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းပြီး ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းကပြောသည်။

ပုလောမြို့နယ်တွင် ယမန်နေ့(ဇူလိုင် ၁၂ ရက်)ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့သည်ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ဇူလိုင်၉ ရက်က တိုက်ပွဲတွင် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။