Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းရန် မဟာမိတ်များနှင့်အတူ ကြိုးစားနေဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူလူထုခုခံတွန်းလှန်စစ်ကို NUGက ကြေညာခဲ့သည်မှာလာမည့် စက်တင်ဘာ ၇ရက်တွင်တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

ကန့်ဘလူခရိုင်တပ်ရင်း(၂) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KB-2
ကန့်ဘလူခရိုင်တပ်ရင်း(၂) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KB-2

မဟာဗျူဟာခံစစ်(ပျောက်ကြားစစ်)မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မဟာမိတ်များ အတူတကွ ကြိုးစားနေကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးသည်။

ထို့အပြင် ဒေသအသီးသီးရှိ ပြည်သူလူထုများအပေါ် အကြမ်းဖက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်များအား ချေမှုန်းရန်အတွက်လည်း ပြင်ဆင်နေသည်ဟု ဝန်ကြီးက ဆိုသည်။

“ကိုယ့်နယ်မြေထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဗျူဟာမြောက် ချေမှုန်းနိုင်ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်ဆောင်နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ်နေတဲ့ အကြမ်းဖက်ငနဲတွေ ဘယ်နှစ်လခံမလဲ စောင့်ကြည့်ကြတာပေါ့” ဟု ဝန်ကြီး ဦးရည်မွန်က ဩဂုတ် ၂၄ရက်တွင် ၎င်း၏ Facebookမှ ရေးသားအသိ​ပေးသည်။

ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column
ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column

ယခုရက်ပိုင်းအတွင်း အညာဒေသ ၊ ကသာ၊ ကောလင်း၊ ကန့်ဘလူနှင့် တောင်ပိုင်း မြ၀တီ၊ ကော့ကရိတ် ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်များကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ၎င်းက လေ့ကျင့်စုဖွဲ့မှု အားကောင်းသည့် တပ်ဖွဲ့များ၏ တိုက်ခိုက်နိုင်မှု အခြေအနေကို အသိပေးသည်။

Public Service Announcement

Public Service Announcement

“PDFနဲ့ မဟာမိတ်တွေဟာ ရန်သူစစ်ကြောင်းတွေကို အထိနာအောင် ချေမှုန်းနိုင်ရုံသာမက အရာရှိတွေပါဝင်တဲ့ သုံ့ပန်းတွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်းတွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်။ စနစ်တကျ လေ့ကျင့်၊စုဖွဲ့၊ကွပ်ကဲ၊တပ်ဆင်ထားတဲ့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ PDFဟာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ် ပုံပေါ်လာပြီ ဖြစ်တယ်။ LDFတွေအပါအဝင် တော်လှန်ရေးအင်အားစုအားလုံး ဒေသအလိုက် စုစည်းမှု၊ကွပ်ကဲမှု ပိုအားကောင်းအောင်လည်း အားစိုက်နေကြတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ကန့်ဘလူ၊​ကောလင်း၊ကျွန်းလှမြို့နယ်အစပ် တိုက်ပွဲတွင် စစ်​ကောင်စီတပ် ၄၀ ​ကျော်​သေဆုံးပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင်စစ်တပ်အရာရှိ ၃ ဦးကို PDF များကဖမ်းဆီးနိုင်ခဲ့သည်။ ထိုအပြင်လက်နက်မျိုးစုံ ၂၀ ​ကျော် သိမ်းဆည်းရမိခဲ့သည်။ ကန့်ဘလူ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးအဆိုအရ စစ်သုံ့ပန်းအဖြစ် ၁၇ ဦးကိုဖမ်းဆီးနိုင်ခဲ့​ကြောင်း​ပြောသည်။

စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူလူထုခုခံတွန်းလှန်စစ်ကို NUGက ကြေညာခဲ့သည်မှာလာမည့် စက်တင်ဘာ ၇ရက်တွင်တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

တစ်နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ နှင့် လက်နက်တပ်ဆင်မှု အတိုင်းအတာ တစ်ခုအထိဆောင်ရွက်နိုင်ခဲ့ကြောင်း မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ပြည့်ပြည့်၀၀ လုံလုံလောက်လောက်တပ်ဆင်နိုင်သလားဆိုတော့ မဟုတ်သေးဘူး။ သို့သော်လည်း စစ်ကောင်စီကို ပြန်လည်ပြီးတိုက်ခိုက်နိုင်ဖို့ထိုက်သင့်တဲ့ မောင်းပြန်တို့ ဘာတို့ ကိုင်ဆောင်နိုင်ပြီ။သူတို့ရဲ့ လမ်းကြောင်းတွေကိုပြောက်ကျားအနေနဲ့ ခြုံခိုတိုက်ခိုက်တာတို့၊ ထိပ်တိုက်ရင်ဆိုင်တာတို့ အထိ ကျွန်တော်တို့က တိုက်ခိုက်လာနိုင်တဲ့အနေအထားရှိတယ် ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကြည့်လိုက်မယ်ဆိုရင် သူတို့ဘက်က ထိခိုက်ကျဆုံးမှု အများကြီးဆိုတာ အားလုံးအသိပဲ” ဟု ၎င်းက ဆက်​ပြောသည်။

ငွေရေးကြေးရေးပိုင်းတွင်လည်း နိုင်ငံတကာ၏ ထောက်ပံ့မှု မရသော်လည်း ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူများက တက်နိုင်သလောက် နည်းမျိုးစုံဖြင့် ထောက်ပံ့နေခြင်းကြောင့် လိုအပ်သည့် လက်နက်ခဲယမ်း ရိက္ခာများဖြည့်တင်းပေးနိုင်ဆဲဖြစ်ကြောင်းအဆိုပါမကွေးဒေသခံကပြောသည်။

“ဒီစက်တင်ဘာ ၇ကျော်ရင်တော့ NUGနဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တို့ MOD(ကာကွယ်ရေးဝန်ကြီးဌာန) တို့ ပူးပေါင်းပြီး ဘယ်လိုမူဝါဒတွေထုတ်ပြန်လာမယ်ဆိုတာမပြောတက်ဘူး သို့သော်လည်းတစ်ခုခုတော့ အပြောင်းအလဲတော့ရှိလာနိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ယခု တော်လှန်ရေးမအောင်မြင်ပါက မြန်မာပြည်၏ ကံကြမ္မာ မည်သည့်အချိန်မှ ကောင်းစားလာနိုင်ဖွယ်ရာမရှိ၍ ယခုတစ်ကြိမ်တွင် အင်တိုက်အားတိုက်ဖြင့် နိုင်သည့်ဘက်က ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းလိုသည်ဟု မကွေးဒေသခံက ပြောသည်။

“ဒီတစ်ကြိမ်မှာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ ညီညီညွတ်ညွတ်နဲ့တစ်နိုင်ငံလုံး မြန်မာပြည်သူ ပြည်သားတွေအားလုံး ဝိုင်းဝန်းပြီး တိုက်ထုတ်ဖို့လိုအပ်တယ်။ နိုင်ငံတကာ ဆိုတာထက် ကိုယ့်ဟာကိုယ် ကြိုးစားမှ စစ်ကောင်စီလက်အောက်က လွတ်မြောက်မှာပါ” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ