Connect with us

Hi, what are you looking for?

သတင်း

ဝန်ကြီးဦးရည်မွန်နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည်ဆိုသည့် သတင်းမှားအပေါ် NUG ကာကွယ်ရေးရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှာ အမှားဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။

ဝန်ကြီးဦးရည်မွန်နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည်ဆိုသည့် သတင်းမှားအပေါ် NUG ကာကွယ်ရေးရှင်းလင်း
ဝန်ကြီးဦးရည်မွန်နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည်ဆိုသည့် သတင်းမှားအပေါ် NUG ကာကွယ်ရေးရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှာ အမှားဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။

ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်ပတ်သတ်၍ သတင်းအမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News အမည်ရသည့် Facebook Page က ဩဂုတ် ၂၂ရက်တွင် ထုတ်လွှင့်ခဲ့ရာ ဦးရည်မွန်သည် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ရာပြည့်၊လှမောင်‌ရွှေတို့နှင့်တွေ့ဆုံဆွေးနွေးသည်ဟူသော သတင်းအမှား ကို ဖော်ပြခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် ဟူသောသတင်းအမှားများကို ကိုးကားလျက် အသံရှင်က ဦးရည်မွန်အပေါ် စွတ်စွဲပုတ်ခတ်ပြောဆိုထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

၎င်းကိုးကားချက် နှစ်ခုလုံးသည် မြေပြင်တွင် လုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသော သတင်းအမှားများဖြစ်ရုံမက အကြမ်းဖက် စစ်ကောင်စီဘက်သားများက ဆိုရှယ်မီဒီယာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့၏ ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေခဲ့သော သတင်းအတုများလည်း ဖြစ်ကြောင်း ရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

အသံဖိုင်ကိုထုတ်လွှင့်သော KPTV News အနေဖြင့်လည်းကောင်း၊ အသံရှင်မောင်ဒေါန ဆိုသူ အနေဖြင့်လည်းကောင်း သတင်းအမှား၊ သတင်းအတုများကို အခြေခံလျက် စွတ်စွဲပြောဆိုထုတ်လွှင့်မှုကို တာဝန်ယူမှုရှိရှိဖြင့် ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook