Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ ICC တင်သွင်းမည့် ကုလလုံခြုံရေးကောင်စီ၏ အကြံပြုချက်များကို အမေရိကန်ထောက်ခံသွားမည်

ရိုဟင်ဂျာလူမျိုး ၇၄၀,၀၀၀ ကျော်ခန့်သည် မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ICC တင်သွင်းမည့် ကုလလုံခြုံရေးကောင်စီ၏ အကြံပြုချက်များကို အမေရိကန်ထောက်ခံသွားမည်
မြန်မာ့အရေးနှင့်ပတ်သက်၍ ICC တင်သွင်းမည့် ကုလလုံခြုံရေးကောင်စီ၏ အကြံပြုချက်များကို အမေရိကန်ထောက်ခံသွားမည်

▪️စစ်အာဏာရှင်ရှိနေသရွေ့ ရိုဟင်ဂျာလူမျိုးများနေရပ်ပြန်ရေးမဖြစ်နိုင်၍ အခြားနည်းလမ်းများကိုရှာဖွေနေ

လက်ရှိစစ်အာဏာရှင်ရှိနေသရွေ့ ရိုဟင်ဂျာလူမျိုးများနေရပ်ပြန်ရေးမဖြစ်နိုင်၍ ၂၀၁၇ ကတည်းက အခြားသောနည်းလမ်းများရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု (၅)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ပြီး တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို အကောင်အထည်ဖော်ဆောင်ခြင်း၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုဖိအားပေးခြင်းနှင့် မြန်မာနိုင်ငံတွင်းမှ လူပုဂ္ဂိုလ်အားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂိုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းအားဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်ရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို အမေရိကန်က ဆက်လက်အားပေးထောက်ခံသွားမည် ဟု ဖော်ပြသည်။

လွန်ခဲ့သော ငါးနှစ်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပြီး ကျေးရွာများကို ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်းနှင့် အကြီးစားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်းတို့ဖြင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုး ၇၄၀,၀၀၀ ကျော်ခန့်သည် မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု အမေရိကန်က ၂၀၂၂ မတ်လတွင် တရားဝင်သတ်မှတ်ခဲ့သည်။

အထက်ပါရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် စစ်တပ်အဖွဲ့ဝင်များသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို အဆုံးသတ်စေရန် ပြောင်ပြောင်တင်းတင်းကြိုးပမ်းရာတွင် မြန်မာပြည်သူများကို နှိပ်ကွက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်ခဲ့သည် ထုတ်ပြန်သည်။

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို စစ်အာဏာရှင်အဖွဲ့အစည်းက လောလောလတ်လတ် ကွပ်မျက်ခဲ့သည့်လုပ်ရပ်က စစ်တပ်သည် မြန်မာပြည်သူများ၏ အသက်ကို ကမ်းကုန်အောင်အရေးမထားကြောင်းဖော်ပြသည့် ပူပူနွေးနွေးသာဓကတစ်ခုသာ ဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်၏ တိုးမြှင့်ဆောင်ရွက်လာနေသည့် အကြမ်းဖက်မှုများက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအခြေအနေများကို ပိုမိုဆိုးဝါးလာစေပြီး အထူးသဖြင့် နိုင်ငံအတွင်းရှိ ထိခိုက်အလွယ်ဆုံးနှင့် ဘေးဖယ်ထားခြင်းအခံရဆုံးအသိုက်အဝန်းများထဲတွင် ယနေ့ထိတိုင် ဆက်လက်ရှိ နေဆဲဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပါအဝင် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာခြားအသိုက်အဝန်းများအတွက် ပိုမိုဆိုးဝါးစေကြောင်းဖော်ပြသည်။

အမေရိကန်သည် သတ်ဖြတ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သည့်သူများအားလုံးနှင့် တစ်သားတည်းရှိပြီး ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများအတွက်တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အတွက် ၎င်းတို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြု ကြောင်း ယနေ့ကြေညာသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ ဦးတိုက်လျှောက်ထားသော အမှုနှင့် မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဆုံးဖြတ်ကြမည့် ကမ္ဘာတဝှမ်းက အများယုံကြည်လက်ခံသည့်တရားရုံးများကို အမေရိကန်က ဆက်လက် အားပေးထောက်ခံမည်ဟု ထုတ်ပြန်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ချက်နှင့်အညီ စစ်တပ်၏ လုပ်ရပ်များအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်ဆောင်ရွက်ခြင်းကိုလည်း အမေရိကန်က အားပေးထောက်ခံ ကြောင်း ဖော်ပြသည်။

အလားတူ မြန်မာနိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အမေရိကန်က အားပေးထောက်ခံသွားမည်ဟု ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။