Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ကြိုးစားနေကြောင်း NUG ထပ်မံကတိပြု

စစ်တပ်၏ အကြမ်းဖက် ကျူးလွန်မှုများ ကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရသည့်အပေါ် အထူးစိတ်မကောင်းဖြစ် မိကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက တွေ့ဆုံပွဲအပိတ်မိန့်ခွန်း၌ ထည့်သွင်းပြော ကြားသည်။

ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ကြိုးစားနေကြောင်း NUG ထပ်မံကတိပြု
ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ကြိုးစားနေကြောင်း NUG ထပ်မံကတိပြု

ရိုဟင်ဂျာပြည်သူများ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သော အခြေအနေများဖန်တီးရန် ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံကတိပြုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရမှု (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် NUG က ရိုဟင်ဂျာများနေရပ်ပြန်ရေးကြိုးပမ်းနေကြောင်း ကတိပြုခဲ့ပြီး ယနေ့တွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများနှင့်တွေ့ဆုံရာ ထပ်မံကတိပြုခဲ့ခြင်းဖြစ်သည်။

“အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိသဘောဆန္ဒဖြင့်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည်တည်တံ့သော ပြည်တော် ပြန်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာပြည်သူများ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နှင့် ကုလသမဂ္ဂတို့နှင့်အတူ ရိုဟင်ဂျာပြည်သူတွေ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ထပ်မံ ကတိပြုလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ကြိုးစားနေကြောင်း NUG ထပ်မံကတိပြု
ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ကြိုးစားနေကြောင်း NUG ထပ်မံကတိပြု

NUG သည် ရိုဟင်ဂျာများ အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ ဥပဒေအရ နှင့် လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းခြင်း စသည့် အချက် ၃ ချက်ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အကြမ်းဖက် ကျူးလွန်မှုများ ကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရသည့်အပေါ် အထူးစိတ်မကောင်းဖြစ် မိကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက တွေ့ဆုံပွဲအပိတ်မိန့်ခွန်း၌ ထည့်သွင်းပြော ကြားသည်။

NUG သည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုများကို ဖြစ်စေသည့် ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် အခြားဖိနှိပ်သည့် ဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အစားထိုးရန်ကိုလည်း ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

မူဝါဒပိုင်း ဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် ရိုဟင်ဂျာ ပြည်သူများ၏ အသံ၊ ရိုဟင်ဂျာ ပြည်သူများ၏ သဘောထားပါဝင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။