Connect with us

Hi, what are you looking for?

သတင်း

ရွှေတစ်ကျပ်သား ၃၂ သိန်းနှင့် တစ်ဒေါ်လာ ၃,၇၀၀ ဖြစ်လာ

“စစ်တပ်နဲ့ နီးစပ်တဲ့ သူဌေးတွေကိုက စစ်ကောင်စီမှာ ဒေါ်လာကော၊ရွှေကော ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မရှိတော့ဘူးဆိုတာသိလာတယ်။ မြန်မာ့စီးပွားရေးဘာဆက်ဖြစ်မယ်ဆိုတာ ကြိုသိလာတော့ ရွှေနဲ့ ဒေါ်လာကို ရသလောက် ဝယ်စုနေတာပါ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

​ရန်ကုန်​ရွေအသင်းက ​ရွှေ၁ကျပ်သား လျင် ကျပ်သိန်း၂၀ ​ကျော်သတ်မှတ်ထား​သော်လည်းပြင်ပတွင် ကျပ် ၃၂ သိန်း​ကျော်လာသည်။ ။ဓါတ်ပုံ-KMJ
​ရန်ကုန်​ရွေအသင်းက ​ရွှေ၁ကျပ်သား လျင် ကျပ်သိန်း၂၀ ​ကျော်သတ်မှတ်ထား​သော်လည်းပြင်ပတွင် ကျပ် ၃၂ သိန်း​ကျော်လာသည်။ ။ဓါတ်ပုံ-KMJ

▪︎စစ်တပ်နှင့်နီးစပ်​သောလုပ်ငန်းရှင်များကိုယ်တိုင်စစ်​ကောင်စီကိုမယုံ​​တော့၍ ရွှေ နှင့်​ဒေါ်လာဝယ်စု​နေဟုလုပ်ငန်းရှင်အချို့​ပြော

အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းနှင့် အမေရိကန် တစ်ဒေါ်လာကို ၃၇၀၀ကျပ်အထိ ပေါက်ဈေးရှိလာကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက​ပြောသည်။

ဒေါ်လာနှင့်ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးနောက် ရက်ပိုင်းအတွင်းတရှိန်ထိုးဈေးမြင့်တက်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထားချိန်တွင် ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ကျပ် ၃,၇၀၀ အထိမြင့်တက်လာသည်။ထိုသို့စံချိန်တင်ဈေးတက်​နေသော်လည်းဈေးကွက်အတွင်းဒေါ်လာဝယ်ယူ၍ မရကြောင်းငွေလဲကောင်တာပိုင်ရှင်များကပြောသည်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးမြင့်တက်လာခြင်းမှာ အမေရိကန်ဗဟိုဘဏ်မှအတိုးနှုန်းမြင့်တက်ခြင်းနှင့် မီဒီယာများကြောင့်ဖြစ်သည်ဟု အပြစ်တင်ထားသည်။ တရားမဝင်ဒေါ်လာရောင်းချသူများကို ဖမ်းဆီးအရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ သို့​သော်လက်​​တွေ့တွင် ​ဒေါ်လာ​​ဈေးဆက်တက်ပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​နေသည်။

Public Service Announcement

Public Service Announcement

ရွှေဈေးမှာလည်း စစ်ကောင်စီအလိုကျဆောင်ရွက်ပေးသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ညနေပိုင်းတွင် ရွှေတစ်ကျပ်လျှင် ကျပ်သိန်း ၂၀ ​ကျော်( ၂,၀၃၄,၀၀၀) သာဈေးဖွင့်ခဲ့သည်။ သိူ့​သော်ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းအထိဈေးတက်လာသည်။

ထိုဈေးနှုန်းသည် သမိုင်းတလျှောက်အမြင့်ဆုံးနှုန်းဖြစ်ပြီး ဝယ်လိုအားများနေ၍ ဈေးဆက်တက်ရန်လည်းရှိနေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ရွှေဈေးကို ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်လုပ်ရန်နှင့် ရွှေအရောင်းအဝယ်တွင် ဘဏ်စနစ်ကိုသာအသုံးပြုရန် ယမန့်နေ့ကထုတ်ပြန်ခဲ့သည်။

“စစ်တပ်နဲ့ နီးစပ်တဲ့ သူဌေးတွေကိုက စစ်ကောင်စီမှာ ဒေါ်လာကော၊ရွှေကော ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မရှိတော့ဘူးဆိုတာသိလာတယ်။ မြန်မာ့စီးပွားရေးဘာဆက်ဖြစ်မယ်ဆိုတာ ကြိုသိလာတော့ ရွှေနဲ့ ဒေါ်လာကို ရသလောက် ဝယ်စုနေတာပါ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိဈေးကွက်အခြေအနေရ ဒေါ်လာနှင့်ရွှေဈေးသည် ဈေးကွက်အတွင်းဝယ်မရနိုင်တော့​သည့် အခြေအနေဖြစ်သည်ဟု မကြာ​သေးခင်ကမှရွှေဝယ်ယူသူတစ်ဦးက ပြောသည်။ ရွှေဆိုင်များကလည်း ရောင်းချလျှင်ဝယ်ယူပေးသော်လည်း အရောင်းပိတ်ထားသည်ဟု ၎င်းက ဆက်​ပြောသည်။

“အခုက စီးပွားရေးပျက်ကပ်ထဲကို စရောက်နေတဲ့ အချိန်ပေါ့။ ဒေါ်လာနဲ့ရွှေကို မနက်ဖြန် ဘယ်ဈေးဖြစ်မလဲဆိုတာ ဈေးကွက်က ဆုံးဖြတ်တာမဟုတ်တော့။ သတင်းအချက်အလက်တွေက ဆုံးဖြတ်တာဖြစ်သွားပြီး ဘာတွေဖြစ်လာမယ်ဆိုတာကို ကြည့်ပြီး ဈေးနှုန်းတွေ အပြောင်းအလဲတွေဖြစ်လာမယ်။ သေချာတာကတော့ ဈေးကျတာ မရှိတော့ဘူး”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသူ၏အမြင်ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေးကမောက်ကမဖြစ်ကာ ဒေါ်လာဈေးနှင့်ရွှေဈေး တရှိန်ထိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ကျပ် ၁၃၃၇ကျပ်နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းကျာ်သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။