Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးကိုစစ်​ကောင်စီအလိုကျ​ဆောင်ရွက်​ပေး​သောရန်ကုန်တိုင်း​ရွှေအသင်း၏သတ်မှတ်ဈေးအတိုင်း​ရောင်းချရမည်ဟုဆို

အခြား​ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း “သတ်မှတ်နှုန်းတိုင်း​ အတင်းအဓမ္မ​ရောင်း​ခိုင်း​နေရင် ​ရွှေ​ဈေးကထိန်းလို့ရမှာ မဟုတ်ဘူး”ဟုသူ၏အမြင်ကို​ပြောသည်။

(ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းကသြဂုတ် ၂၉ ရက်တွင် အချက် ၃ ချက်ကိုဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ဓါတ်ပုံ-YGEA)
(ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းကသြဂုတ် ၂၉ ရက်တွင် အချက် ၃ ချက်ကိုဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ဓါတ်ပုံ-YGEA)

■ယ​နေ့​ရွှေ​ဈေးကျပ် ၂၉ သိန်း​ကျော်​ပေါက်​နေချိန်တွင်ရွှေအသင်းက သိန်း ၂၀ ​ကျော်ဖြင့်​ဈေးဖွင့်ပြီး၊ကျပ် ၈သိန်းခန့်ကွာ

ပြည်တွင်း​ရွှေ​ဈေးကို ​စစ်​ကောင်စီအလိုကျ ​ဆောင်ရွက်​ပေး​နေ​သော ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း ကသတ်မှတ်​သောဈေးအတိုင်းအ​ရောင်းအဝယ်လုပ်ရန် အဆိုပါအသင်းက ယ​နေ့ထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီအလိုကျ ​ဆောင်ရွက်​ပေး​နေသည့် ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းက ​ရွှေ​ဈေးနှုန်းတည်ငြိမ်​ရေးအတွက် ဆိုကာယ​နေ့(သြဂုတ် ၂၉)တွင်အစည်းအ​ဝေးပြုလုပ်ပြီး အချက် ၃ ချက်ပါ​သော ဆုံးချက်ထွက်​​ပေါ်လာခြင်းဖြစ်သည်။

(ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းကသြဂုတ် ၂၉ ရက်တွင် အချက် ၃ ချက်ကိုဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ဓါတ်ပုံ-YGEA)
(ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းကသြဂုတ် ၂၉ ရက်တွင် အချက် ၃ ချက်ကိုဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ဓါတ်ပုံ-YGEA)

​ဈေးကွက်​ပေါက်​ဈေး(အမှန်တွက်ရန်ကုန်တိုင်း​ရွှေအသင်းကသတ်မှတ်​သော​​ဈေး)ဖြင့်အ​ရောင်းအဝယ်စာရင်းတင်ရန်၊ဘဏ်စာရင်းကိုအသုံးပြုရန် ၊ ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းသို့ရည်ညွှန်းနှုန်း​နေ့စဥ်တင်ရန်ဟု အဆိုပါအသင်းကဆုံးဖြတ်သည်။

ယ​နေ့​အ​ခေါက်​ရွှေ​ဈေးကို ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းက တစ်ကျပ်သားလျှင် ကျပ် ၂,၀၂၁,၀၀၀ကျပ် သတ်မှတ်ထားသည်။ သို့​သော်လည်း ပြင်ပ​ပေါက်​ဈေးတွင် ကျပ်၂,၉၁၀,၀၀၀​ကျော်​​ဈေးရှိ​နေသည်။ထို​ကြောင့် အပြင်လက်​တွေ့​ရောင်းဝယ်​သောနှုန်းနှင့် ရန်ကုန်တိုင်း​ရွှေအသင်းကသတ်မှတ်​​သောနှုန်းမှာတစ်ကျပ်သားလျှင် ကျပ် ၈ သိန်းခန့်ကွာဟ​နေသည်။

Public Service Announcement

Public Service Announcement

“​ရွှေအသင်းက​တော့ စစ်ဗိုလ်​​တွေမျက်နှာကြည့်ပြီး ​ဈေးဖွင့်​နေတာ။ ​နောက်ပြီး ​ဒေါ်လာ​ဈေးက စစ်တပ်က သတ်မှတ်တဲ့​ဈေးနဲ့ပြင်ပ​ပေါက်​ဈေးက ၁၂၀၀​ (၁ ​ဒေါ်လာလျှင် ၁၂၀၀ကျပ်ခန့်)လောက်ကွာတာ့ ပြင်ပ​ဈေးနဲ့ အသင်းကဖွင့်တဲ့​ဈေး​တော့ကွာဦးမယ်ထင်တယ်”ဟု​ရွှေလုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

အခြား​ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း “သတ်မှတ်နှုန်းတိုင်း​ အတင်းအဓမ္မ​ရောင်း​ခိုင်း​နေရင် ​ရွှေ​ဈေးကထိန်းလို့ရမှာ မဟုတ်ဘူး”ဟုသူ၏အမြင်ကို​ပြောသည်။

ကျပ်​ငွေတန်ဖိုး ​စံချိန်တင်​လျော့ကျလာပြီး​ရွှေ​ဈေးမြင့်တက်လာပြီး စစ်​ကောင်စီက ​ရွှေလုပ်ငန်းရှင်များကို ဩဂုတ်၂၇ရက်က​ခေါ်ယူ​တွေ့ဆုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။