Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်းရှိ AAသိမ်းထားသည့် စစ်ကောင်စီတပ်စခန်းအနီး စစ်ကောင်စီတပ် လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်

တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် မိတ်၀ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ဓာတ်ပုံ - The Chin Journal

▪️ခမောင်းဆိပ်ဗျူဟာမကျဆုံးရေး စစ်ကောင်စီတပ်လေကြောင်းနှင့်လက်နက်ကြီးပစ်ကူကိုသာအားထားနေရဟုဆို

▪️မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းငယ်အများစု ပြန်ရုတ်သိမ်းသွား

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ်(၄၀) အနီးဝန်းကျင်နေရာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၊ တိုက်လေယာဉ်များ အသုံးပြုပြီး ယနေ့နံနက်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ် ခဲ့သည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်တိုင်(၄၀)ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ဩဂုတ် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁ရက်မှစ၍ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ဩဂုတ် ၂၆ရက်မှစ၍ AAက တိုက်ခိုက်နေသည့် ခမောင်းဆိပ်ဗျူဟာ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူလက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်နေသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် မိတ်၀ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ဓာတ်ပုံ - The Chin Journal
ချင်းပြည်နယ်၊ ပလက်၀မြို့နယ် မိတ်၀ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ဓာတ်ပုံ – The Chin Journal

” သူတို့(နယ်မြေခံ) ပြောတာတော့ ဒီနေ့မနက်တင် ၂စီး၊ ၂စီးနဲ့ သုံးခေါက်လာပစ်တယ်ပြောတယ်။ တောင်ပြိုနဲ့ ခမောင်းဆိပ်ဗျူဟာကြား။ မိုင်တိုင် ၄၀ ပတ်ဝန်းကျင်ပေါ့။ကျွန်တော်မြင်တာကတော့ ခမောင်းဆိပ်ဗျူဟာကို အပြီးသတ် လက်မလွှတ်လိုက်ရဖို့နဲ့ တောင်ပြို ဗျူဟာအတိုက် မခံရဖို့ AAက နေ အင်အားအလုံးအရင်းနဲ့ ဝိုင်းတာတို့ တိုက်ခိုက်တာတို့ လုပ်လို့မရအောင်လုပ်ဖို့နေမယ်” ဟု ရခိုင်ဒေသခံက ယနေ့ နေ့လည်ပိုင်း၌ ပြောသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် မိတ်၀ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ဓာတ်ပုံ - The Chin Journal
ချင်းပြည်နယ်၊ ပလက်၀မြို့နယ် မိတ်၀ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ဓာတ်ပုံ – The Chin Journal

စစ်ကောင်စီတပ်အနေဖြင့် အဆိုပါဒေသ၌ မြေပြင်မှ စစ်ကူပေးရန် အခက်အခဲရှိနေပြီဖြစ်ကြောင်း၊ ယင်းဒေသရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းငယ် အများစုမှာလည်း ပြန်လည်ရုတ်သိမ်းသွားကြပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မောင်တောမြောက်ပိုင်းမှာ ရှိတဲ့ နယ်ခြားစခန်းအများစုက တချို့က AA သိမ်းလိုက်တာလည်း အခု ၁၀ကျော်လောက်ရှိတယ်။ နောက်ပြီး သူတို့ဘာသာ အင်အားနည်းတယ်ဆိုပြီး ရုတ်သိမ်းသွားတာ အခု ၃၀ ကျော်လောက်ရှိတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

ဩဂုတ်လလယ်မှစ၍ AAနှင့် စစ်ကောင်စီတပ်တို့အကြား ရသေ့တောင်၊ မောင်တော၊ ပလက်၀၊ မြောက်ဦး ဒေသများ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။