Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်
ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

▪️ရေစိုးချောင်းဗျူဟာသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းပို့မည့် စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယနေ့ တိုက်ပွဲ နှစ်နေရာဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံ ကပြောသည်။

ဩဂုတ် ၃၀ရက်ညပိုင်းက ဘူးသီးတောင်နှင့် ရသေ့တောင်အစပ် မေယုမြစ်အရှေ့ဘက် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်တွင် ယင်းနေရာ အနီးတဝိုက်၌ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ ရသေ့တောင်နှင့် ဘူးသီးတောင် နယ်စပ်ရှိ ရေစိုးချောင်းဗျူဟာကို စစ်ကောင်စီတပ်က စစ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ရာ AAက ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်
ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

“မနေ့ညက ဖြစ်တဲ့နေရာမှာ ထပ်ဖြစ်တယ်။ ထပ်ဖြစ်တော့ ရသေ့တောင်ကနေ ပြီးတော့ လက်နက်ကြီးတွေ ပစ်ကူပေးတယ်။နောက်တစ်ခုက ဘူးသီးတောင် စကခ(၁၅)တပ်ကနေ ရဟတ်ယာဉ်တွေသွားပြီး အဲဒီမှာ လေကြောင်းပစ်ကူပေးနေတာရှိတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က ဖြစ်တဲ့နေရာပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ တစ်နေရာမဟုတ်ဘူး ၂နေရာလို့ ပြောတယ်။ အဲဒီ အနီးပတ်ဝန်းကျင်မှာ ဖြစ်နေတာ။ စစ်ကြောင်းက ဖြန့်ပြီးလို့လာတယ်ထင်တယ်။ အဲဒါကြောင့်လေ။ တိုက်ပွဲကတော့ အခြားနေရာတွေမှာလည်း အချိန်မရွေးဖြစ်လာနိုင်တယ်။ နေရာတိုင်းမှာ နှစ်ဖက်လုံးက အဆင်သင့်ပြင်နေတာ”ဟု ရခိုင်ဒေသခံက ပြောသည်။

မောင်တောမြို့နယ် ခမောင်းဆိပ်ဗျူဟာတွင်လည်း ယနေ့ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ ခမောင်းဆိပ်ဗျူဟာကို AAက စခန်းသိမ်းတိုက်ခိုက်နေခြင်းဖြစ်ပြီး တစ်ပတ်ခန့်ကြာပြီဖြစ်သည်။ တိုက်ပွဲပြင်းထန်နေပြီး စခန်းနေရာအချို့ကို AAက ရရှိထားကြောင်း၊ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ ရဟတ်ယာဉ်များ၊ တာဝေးပစ် အမြောက်များ သုံးပြီး တိုက်ခိုက်နေကြောင်း ရခိုင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook