Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် NUG အစိုးရ၏ ဆရာအတတ်ပညာမွမ်းမံသင်တန်းနှင့် သင်ရိုးသစ်သင်တန်း ကျင်းပပြီးစီး

သင်တန်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ကြားရေး ဆရာ၊ဆရာမပေါင်း ၈၀၀နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - Board of Kani Education
ဓာတ်ပုံ - Board of Kani Education

▪️တော်လှန်ဆရာ၊ ဆရာမ ၁၄,၀၀ ကျော်အား သင်တန်းပို့ချနိုင်ခဲ့

စစ်ကိုင်းတိုင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ (Board of Kani Education) က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ပညာရေးဝန်ကြီး ဌာန၏ ကြားကာလပညာရေးအစီအစဉ် ဆရာအတတ်ပညာမွမ်းမံသင်တန်းနှင့် သင်ရိုးသစ်သင်တန်းကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း Board of Kani Education မှ ယနေ့ ထုတ်ပြန်သည်။

ယင်းသင်တန်းကို စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇုန်အမှတ် (၂) တွင် ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ CDM ဆရာ၊ ဆရာမများနှင့် စေတနာ့ ဝန်ထမ်း ဆရာ၊ဆရာမများအတွက် သင်ကြားခဲ့ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Board of Kani Education
ဓာတ်ပုံ – Board of Kani Education

သင်တန်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ကြားရေး ဆရာ၊ဆရာမပေါင်း ၈၀၀နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ်နောက်ဆုံးပတ်က ဖွင့်လှစ်သင်ကြားခဲ့သည့် ကနီမြို့နယ် ဇုန်အမှတ် (၁) သင်တန်းတွင်လည်း ဆရာ၊ဆရာမပေါင်း ၆၀၀ကျော် တက်ရောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

သို့ဖြစ်၍ ကနီမြို့နယ်တွင် မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့မှ ဦးဆောင်၍ တော်လှန်ဆရာ၊ဆရာမပေါင်း (၁၄၀၀)ကျော်အား မွမ်းမံသင်တန်း ပို့ချနိုင်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါသင်တန်းများကို ကနီမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး ယူ၍ ဖွင့်လှစ်ကာ သင်တန်းဆင်းပွဲကိုလည်း အခက်အခဲများကြားက ခမ်းခမ်းနားနားကျင်းပ၍ အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း Board of Kani Education အဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ