Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်မြို့နယ်ရှိ CID ရုံးအား ဗုံးခွဲတိုက်ခိုက်

“ဗုံးကည ၉နာရီ ထိုးခါနီးလေမှာ ပေါက်တာ။ဘယ်နေရာမှန်းမသိလို့ ။အသံတော့ တော်တော်ကျယ် တယ်”ဟု အင်းစိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့(CID) ရုံးအား ပစ်မှတ်ထား၍ ဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း War Of Hunter Revolution Force-WOH က ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့ ည ၉ နာရီခန့်တွင် ၊ ဗဟိုလမ်း၊ မီးရထားသံလမ်းဘေးရှိ CIDရုံးကို အဝေးထိန်း တစ်လုံးအသုံးပြု ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ဖောက်ခွဲမှုဖြစ်စဥ်တွင် ထိခိုက်မှုအသေးစိတ်ကို မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း WOH က အသိပေးသည်။

“ဗုံးကည ၉နာရီ ထိုးခါနီးလေမှာ ပေါက်တာ။ဘယ်နေရာမှန်းမသိလို့ ။အသံတော့ တော်တော်ကျယ် တယ်”ဟု အင်းစိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီ သြဂုတ် ၃၁ရက်ကလည်း အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံခဲ့ရပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

သတင်း

အထက်ပါစစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army - EGA ၊Rangoon Urban Force တို့က...