Connect with us

Hi, what are you looking for?

News

အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ယနေ့ နေ့လယ် ၁ နာရီခွဲက ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား အနီးကပ် သေနတ်ဖြင့် ၁၉ ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

(ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား ​တွေ့ရစဥ်)

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Yangon Liberation Force(YLF)က ယနေ့(မေ ၁)တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁ နာရီခွဲက ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား အနီးကပ် သေနတ်ဖြင့် ၁၉ ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဖြိုးကိုကို(ခ)အသေးလေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် ဒညင်းကုန်းရပ်ကွက်အတွင်း စစ်ကောင်စီတပ်၏စီးနင်းခံရမှုတွင် မြေအောက်တော်လှန်ရေးရဲဘော် ၁၁ဦး အသက်အန္တရာယ်ကျရောက်ခဲ့သည့်အပြင် နေအိမ်များပါ ချိတ်ပိတ်ခံလိုက်ရသည့်ဖြစ်စဥ်မှာ ၎င်း၏လက်ချက်ဖြစ် ကြောင်း ထောက်ပြသည်။

ထို့အပြင် ဖြိုးကိုကို(ခ)အသေးလေးသည် ဧည့်စာရင်းကိစ္စတွင် ငွေးပေးမှ လုပ်ပေးခြင်း၊၊ စက်မှုဇုန်အတွင်း ဆပ်ကြေးကောက်ခြင်းနှင့် ကုန်တင်ကားများထံ ဆပ်ကြေးကောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိုသို့ နိုင်ထက်စီးနှင်းကာ ပြည်သူအားမတရားသဖြင့် ဖိနှပ်နေသော ဖြိုးကိုကို (ခ) အသေးလေး အား မိမိ တို့ YLF မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များမှ သွေးကြွေးဆပ်ရန် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်”ဟု YLF က ဖော်ပြသည်။

အလားတူ အဓမ္မမှုများ ကျူးလွန်သော မည့်သူကိုမဆို မိမိတို့ YLF အဖွဲ့သားများမှ လက်ပိုက်‌ ကြည့်နေမည် မဟုတ်ဘဲ လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

သတင်း

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်ဖြင့်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ကောင်စီအုပ်ကြီး အောင်ဇော်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်းတစ်လုံး၊ ကျပ် ၅,၇၀၀တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။