Connect with us

Hi, what are you looking for?

News

အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက်အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ယနေ့ နေ့လယ် ၁ နာရီခွဲက ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား အနီးကပ် သေနတ်ဖြင့် ၁၉ ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

(ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား ​တွေ့ရစဥ်)

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဒညင်းကုန်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Yangon Liberation Force(YLF)က ယနေ့(မေ ၁)တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁ နာရီခွဲက ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သတင်းပေးဒလန် ဖြိုးကိုကို (ခ)အသေးလေးအား အနီးကပ် သေနတ်ဖြင့် ၁၉ ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဖြိုးကိုကို(ခ)အသေးလေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် ဒညင်းကုန်းရပ်ကွက်အတွင်း စစ်ကောင်စီတပ်၏စီးနင်းခံရမှုတွင် မြေအောက်တော်လှန်ရေးရဲဘော် ၁၁ဦး အသက်အန္တရာယ်ကျရောက်ခဲ့သည့်အပြင် နေအိမ်များပါ ချိတ်ပိတ်ခံလိုက်ရသည့်ဖြစ်စဥ်မှာ ၎င်း၏လက်ချက်ဖြစ် ကြောင်း ထောက်ပြသည်။

ထို့အပြင် ဖြိုးကိုကို(ခ)အသေးလေးသည် ဧည့်စာရင်းကိစ္စတွင် ငွေးပေးမှ လုပ်ပေးခြင်း၊၊ စက်မှုဇုန်အတွင်း ဆပ်ကြေးကောက်ခြင်းနှင့် ကုန်တင်ကားများထံ ဆပ်ကြေးကောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိုသို့ နိုင်ထက်စီးနှင်းကာ ပြည်သူအားမတရားသဖြင့် ဖိနှပ်နေသော ဖြိုးကိုကို (ခ) အသေးလေး အား မိမိ တို့ YLF မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များမှ သွေးကြွေးဆပ်ရန် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်”ဟု YLF က ဖော်ပြသည်။

အလားတူ အဓမ္မမှုများ ကျူးလွန်သော မည့်သူကိုမဆို မိမိတို့ YLF အဖွဲ့သားများမှ လက်ပိုက်‌ ကြည့်နေမည် မဟုတ်ဘဲ လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook