Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနယ် ဝက်လူးကျေးရွာရှိ စစ်ကောင်စီတပ်ကိုPDFကလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

(ဝက်လူး​ကျေးရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဝက်လူး​ကျေးရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တောကျီးကန်းစစ်ဆင်ရေးအဖြစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း နွားထိုးကြီး PDFက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲ၍ ပြည်သူများအပေါ် မတရားခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ငွေကောက်ခံခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား နှိပ်စက်ရိုက်နှက်ခြင်းများ ပြုလုပ်နေသောကြောင့် ထိုအဖွဲ့အားလက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းနွားထိုးကြီးPDFက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နွားထိုးကြီး PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

နွားထိုးကြီး PDF အဖွဲ့သည် စက်တင်ဘာလ ၂ ရက် ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထာသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook