Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကော်ဘရာစစ်သည် နှစ်ဦးဒဏ်ရာရဟု အသိပေး

ထိုသို့ ပစ်ခတ်မှုကြောင့် သဲဖြူချောင်းလမ်းဆုံနှင့်နေရာအချို့သို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကော်ဘရာစစ်သည် နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

(ကော်ဘရာစစ်သည်များ ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်များ ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ- ဝေါ်လေ လမ်း သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ညနှင့် ယနေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၅ရက် ညပိုင်းတွင် တစ်ကြိမ်၊ ယနေ့ စက်တင်ဘာ ၆ရက် နံနက် ၁၁နာရီခွဲမှ ၁၂နာရီအထိ စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၂)နှင့် အမြောက်တပ်ဖွဲ့က လက်နက်ကြီး ကျည် ၁၂လုံး ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် သဲဖြူချောင်းလမ်းဆုံနှင့်နေရာအချို့သို့ လက်နက်ကြီးကျည်ကျရောက်ပြီး ကော်ဘရာစစ်သည် နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်သည် မြ၀တီ – ဝေါ်လေလမ်းအနီးတဝိုက်၌ ဇူလိုင်လနှင့်ဩဂုတ်လများအတွင်းက တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။