Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU တပ်မဟာ(၆)နယ်မြေတွင် ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၉၀နီးပါးသေ

KNU ကော့ကရိတ်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းယခုလဝက်အတွင်း တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၀ဦးနီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ လည်းရှိသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၆)နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် (BGF)တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လာသည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလ ၁၅ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ် ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF တပ်များက ၈၇ဦးသေဆုံးပြီး၊ ၄၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ BGFတပ်များ၏ သေဆုံးမှုများထဲတွင် တစ်ချို့အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့မှလည်း ၁၂ဦးကျဆုံးကာ ၁၇ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU ကော့ကရိတ်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ၁၅ရက်အတွင်း ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူများ ​လေးဦးသေဆုံးကာ၊ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။