Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေတွင် ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၉၀နီးပါးသေ

KNU ကော့ကရိတ်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းယခုလဝက်အတွင်း တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၀ဦးနီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ လည်းရှိသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၆)နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် (BGF)တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လာသည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလ ၁၅ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ် ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF တပ်များက ၈၇ဦးသေဆုံးပြီး၊ ၄၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ BGFတပ်များ၏ သေဆုံးမှုများထဲတွင် တစ်ချို့အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့မှလည်း ၁၂ဦးကျဆုံးကာ ၁၇ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU ကော့ကရိတ်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ၁၅ရက်အတွင်း ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူများ ​လေးဦးသေဆုံးကာ၊ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။