Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ (၉)ရပ်ကွက်အုပ်ကြီးရုံးကို ဝင်ရောက်ပစ်ခတ်၊ ရာအိမ်မှူးတစ်ဦးသေပြီး လေးဦးဒဏ်ရာရဟုဆို

“သေတာက ရာအိမ်မှူးအောင်ထူးလို့ သိရတယ်။ သေနတ်သံတွေက ၁၀ ချက်လောက်ကြားခဲ့ရတာ”ဟု အမှတ်(၉)ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရွှေပြည်သာ (၉)ရပ်ကွက်အုပ်ကြီးရုံးကို ဝင်ရောက်ပစ်ခတ်၊ ရာအိမ်မှူးတစ်ဦးသေပြီး လေးဦးဒဏ်ရာရဟုဆို
ရွှေပြည်သာ (၉)ရပ်ကွက်အုပ်ကြီးရုံးကို ဝင်ရောက်ပစ်ခတ်၊ ရာအိမ်မှူးတစ်ဦးသေပြီး လေးဦးဒဏ်ရာရဟုဆို

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံး ယနေ့ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေဆုံးသွားကြောင်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ယနေ့(စက်တင်ဘာ ၆)ည ၇ နာရီ ၄၅မိနစ်ခန့်က (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရာအိမ်မှူး အောင်ထူးဆိုသူသေဆုံးပြီး လေးဦးဒဏ်ရာရသွားသည်ဟု ဆိုသည်။

“အတည်ပြု နေတုန်းပါဗျ။ အောင်ထူးကတော့သေတယ်။ လေးယောက်လဲကျသွားတယ်။ ကျွန် တော်တို့လုပ်ဖို့ရာထားတဲ့ သူပါပဲ။ ဒါပေမဲ့ ကျွန် တော်တို့အဖွဲ့တွေကို ဆက်သွယ်မရသေးလို့ အတိအကျမပြောနိုင်သေးပါဘူး”ဟု ရွှေပြည်သာ မြေအောက်တော်လှန်ရေးအဖွဲ့ SPTUG မှ ရဲဘော်တစ်ဦးက ပြောသည်။

“သေတာက ရာအိမ်မှူးအောင်ထူးလို့ သိရတယ်။ သေနတ်သံတွေက ၁၀ ချက်လောက်ကြားခဲ့ရတာ”ဟု အမှတ်(၉)ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားရာ နေရာအနီးရှိ တွေ့ရှိသူမှန်သမျှကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနေကြောင်း ရွှေပြည်သာမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ Spt Information က အသိပေးသည်။

အုပ်ချုပ်ရေးပစ်မှတ်ဖြစ်သည့် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရွှေပြည်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YUGA MO 7 Eagles တို့ ပူးပေါင်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီလက်ပါး စေ ရာအိမ်မှူးတစ်ဦးသေဆုံးကာ အခြားရုံးအဖွဲ့ဝင်များ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က ဆိုသည်။

ရဲဘော်များအားလုံးဘေးကင်းပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီလက်ပါးစေများအားလုံး အလျင်အမြန်နှုတ်ထွက်ရန်လည်း သတိပေးသည်။

ထို့အပြင် ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပစ် မှတ်ထားသည့် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ရွှေပြည်သာမြို့နယ်မှ အင်းစိန်မြို့နယ်ဘက်သို့ ထွက်ပေါက်ဖြစ်သော တညင်းကုန်းလမ်းဆုံ၊ ရထားသံလမ်းအနီးတွင်လည်းစစ်ကောင်စီအဖွဲ့ကဆိုင်ကယ်များကို ဦးတည်၍ ပိတ်ဆို့စစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူများက အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။