Connect with us

Hi, what are you looking for?

သတင်း

မြေပုံရှိ နတလရုံး၌ တပ်လာစွဲသည့် စစ်ကောင်စီတပ်ကို AAက အသင့်ထောင် ထားသည့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ယနေ့(စက်တင်ဘာ ၇ရက်) နံနက် ၁၁နာရီခန့်က မြေပုံမြို့အထွက်ရှိ နတလ ရုံးကို မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်၊ ဓာတ်ပုံ - Nyotwanawng - Twitter)
(ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်၊ ဓာတ်ပုံ - Nyotwanawng - Twitter)

စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများနိုင်ဟုဆို

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးရုံး(နတလ)၌တပ်စွဲလာသည့် စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော်(AA) ကမိုင်းများဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်ဟု မြေပုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

ယနေ့(စက်တင်ဘာ ၇ရက်) နံနက် ၁၁နာရီခန့်က မြေပုံမြို့အထွက်ရှိ နတလ ရုံးကို မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေရာမှာ စစ်သားတွေနေတာကြာပြီ။ ကြာပြီဆိုပေမယ့် သူတို့က အမြဲတမ်းလည်းမနေဘူး။ သွားလိုက် တစ်ပတ်လောက်ကြာရင် အဲဒီနေရာ ပြန်လာလိုက်နဲ့ ခဏတဖြုတ်သွားလိုက်လာလိုက်နေတာမျိုး”ဟု ဦးဖေသန်းက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်တွင် အင်အား ၄၀ခန့် ပါဝင်ရာ သေဆုံးထိခိုက်သူ ၁၀ဦးထက်မနည်း ရှိနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကံသာမှာ စခန်းထိုင်တဲ့ စစ်သား ၄၀လောက်လို့ ပြောတယ်။ သူတို့က နတလရုံးကို ပြန်ပြီးတော့လာတာ။ အထဲဝင်ပြီး နာရီဝက်လောက် အကွာမှာ မိုင်းကွဲတယ်လို့ ပြောတယ်။ မိုင်းလေးလုံး ကွဲတယ်လို့ ပြောတယ်။ အသေအပျောက်တော့ ရှိတယ်။ အဲဒီ ၄၀ လုံးအဲဒီအထဲမှာ ရှိနေတဲ့အချိန် မိုင်းကွဲတယ် ဆိုတော့တော်တော်သေဖို့တော့များပါတယ်။ ဘာလို့လဲဆိုတော့ နတလရုံးဆိုတာ အခန်းကလည်း သိပ်ကျယ်တာမဟုတ်ဘူး။ အဲဒီမှာ သူတို့ မနေတဲ့အခါတုန်းက ဟိုက(AA)က ဝင်လာထောင်တာ ဖြစ်မှာပေါ့” ဟု ဦးဖေသန်းက ပြောသည်။

လက်ရှိတွင် မြို့ခံများက စစ်ကောင်စီတပ်က တစ်စုံတစ်ရာ တုံ့ပြန်လာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ဦးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်များပြားခဲ့ရာ စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာနေရာသို့လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူသုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၀ဦး ထက်မနည်းရှိသည်။

စစ်ကောင်စီတပ်နှင့် AAတို့သည် မောင်တော၊ ပလက်၀၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ တောင်ကုတ်၊ အမ်းစသည့် မြို့နယ်များ၌ တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။