Connect with us

Hi, what are you looking for?

သတင်း

အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်

အင်ယားကန်ဘောင်၏အရှေ့ဖက်နှင့်အနောက်ဘက်နေရာများသာ အများပြည်သူအတွက် ကျန်ရှိတော့၍ တော်လှန်လူငယ်များအတွက် အင်းယားကို ပြန်သိမ်းခြင်းဖြစ်သည်ဟုလည်း အသိ​ပေးသည်။

အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်
အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်

တော်လှန်လူငယ်များအတွက် အင်းလျားကို ပြန်သိမ်းမည့် Spring Inya စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ယမန့်နေ့က ထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် ကန်ပတ်လယ်ရှိ နေရာကောင်းမှန်သမျှကို စစ်ကောင်စီက မတရားသိမ်းပိုက်ထားပြီး စစ်မျိုးစစ်နွယ်များ၏ စီးပွားရေး ပရောဂျက်များ ပြည့်နှက်နေခြင်းကြောင့် ယခုကဲသို့ ပြန်လည်သိမ်းပိုက်မည့် အစီအစဉ်ကို စတင်ရခြင်းဖြစ်သည်ဟု NUGကထုတ်ပြန်သည်။

အင်ယားကန်ဘောင်၏အရှေ့ဖက်နှင့်အနောက်ဘက်နေရာများသာ အများပြည်သူအတွက် ကျန်ရှိတော့၍ တော်လှန်လူငယ်များအတွက် အင်းယားကို ပြန်သိမ်းခြင်းဖြစ်သည်ဟုလည်း အသိ​ပေးသည်။

“ဒီစီမံကိန်းဟာဆိုရင်နွေဦးအောင်ပွဲခံလူငယ်တွေ၊ Generation Z မျိုးဆက်တွေရဲ့လွတ်လပ်ခြင်း၊ ရဲ့ရင့်ခြင်း၊ တက်ကြွခြင်း၊ လူသားတစ်ဦးရဲ့ ဖြစ်တည်မှုနဲ့ မူလကိုယ်ပိုင် တန်ဖိုးတွေ အလျင်မပြတ် စီးဆင်းနေစေဖို့၊ နွေဦးမှာ ဖူးသစ်ခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံ စိတ်တွေ ရှင်သန်ကြီးထွားနေစေဖို့ လူငယ် ပြည်သူတွေကို ဂုဏ်ပြုပေးမယ့်စီမံကိန်းလည်းဖြစ်ပါတယ်။”ဟု NUG၏ရှယ်ယာရောင်းချရေးအဖွဲ့က​ပြောသည်။

Public Service Announcement

Public Service Announcement

စီမံကိန်းတွင်အင်းလျားကန်ပတ်လမ်းပါဝင်ပြီးလမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရှုခင်းကြည့်ရှုခြင်းတို့အတွက် ကျွန်းဆက်လမ်းများနှင့် အင်းလျားမျှော်စင်တို့ကိုထည့်သွင်းတည်ဆောက်သွားမည်ဟုလည်း​ဖော်ပြထားသည်။

ထိုအပြင်လူငယ်များ အနုပညာဖန်ဆီးရန်၊မျှဝေရန်နှင့် ခံစားရန် ပွဲကြည့်စဉ် တစ်ခုကိုလည်း တည်ဆောက်သွားမည်ဟုဆိုသည်။ အနုပညာပြခန်းများ၊ ပန်းချီပြခန်းများနှင့် စကိတ်ကွင်းများကိုလည်း တည်ဆောက်သွားမည်ဟုဆိုထားသည်။ ထိုပြင်နိုင်ငံရေးဆွေးနွေးငြင်းခုံရန်အတွက်လူထုစကားပြောစင်မြင့်တစ်ခုကိုလည်း အကောင်အထည်ဖော်သွားမည်ဟုလည်းအသိ​ပေးသည်။

ယခုစီမံကိန်း NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့က ထုတ်ပြန်သည့် တတိယမြောက်စီမံကိန်းဖြစ်ပြီး နွေဦးရိပ်မွန် စီမံကိန်းနှင့် နွေဦးမော်ကွန်းသစ်တို့၏ မြေကွက်၇၅၀ ကိုထုတ်​ရောင်းခဲ့ရာ​မြေကွက် (၄၀ ) ဝန်းကျင်သာကျန်ရှိ​တော့​ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook