Connect with us

Hi, what are you looking for?

သတင်း

အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်

အင်ယားကန်ဘောင်၏အရှေ့ဖက်နှင့်အနောက်ဘက်နေရာများသာ အများပြည်သူအတွက် ကျန်ရှိတော့၍ တော်လှန်လူငယ်များအတွက် အင်းယားကို ပြန်သိမ်းခြင်းဖြစ်သည်ဟုလည်း အသိ​ပေးသည်။

အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်
အင်းလျားကန်ကိုပြန်သိမ်းမည့် Spring Inyaစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUGထုတ်ပြန်

တော်လှန်လူငယ်များအတွက် အင်းလျားကို ပြန်သိမ်းမည့် Spring Inya စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ယမန့်နေ့က ထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် ကန်ပတ်လယ်ရှိ နေရာကောင်းမှန်သမျှကို စစ်ကောင်စီက မတရားသိမ်းပိုက်ထားပြီး စစ်မျိုးစစ်နွယ်များ၏ စီးပွားရေး ပရောဂျက်များ ပြည့်နှက်နေခြင်းကြောင့် ယခုကဲသို့ ပြန်လည်သိမ်းပိုက်မည့် အစီအစဉ်ကို စတင်ရခြင်းဖြစ်သည်ဟု NUGကထုတ်ပြန်သည်။

အင်ယားကန်ဘောင်၏အရှေ့ဖက်နှင့်အနောက်ဘက်နေရာများသာ အများပြည်သူအတွက် ကျန်ရှိတော့၍ တော်လှန်လူငယ်များအတွက် အင်းယားကို ပြန်သိမ်းခြင်းဖြစ်သည်ဟုလည်း အသိ​ပေးသည်။

“ဒီစီမံကိန်းဟာဆိုရင်နွေဦးအောင်ပွဲခံလူငယ်တွေ၊ Generation Z မျိုးဆက်တွေရဲ့လွတ်လပ်ခြင်း၊ ရဲ့ရင့်ခြင်း၊ တက်ကြွခြင်း၊ လူသားတစ်ဦးရဲ့ ဖြစ်တည်မှုနဲ့ မူလကိုယ်ပိုင် တန်ဖိုးတွေ အလျင်မပြတ် စီးဆင်းနေစေဖို့၊ နွေဦးမှာ ဖူးသစ်ခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံ စိတ်တွေ ရှင်သန်ကြီးထွားနေစေဖို့ လူငယ် ပြည်သူတွေကို ဂုဏ်ပြုပေးမယ့်စီမံကိန်းလည်းဖြစ်ပါတယ်။”ဟု NUG၏ရှယ်ယာရောင်းချရေးအဖွဲ့က​ပြောသည်။

Public Service Announcement

Public Service Announcement

စီမံကိန်းတွင်အင်းလျားကန်ပတ်လမ်းပါဝင်ပြီးလမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရှုခင်းကြည့်ရှုခြင်းတို့အတွက် ကျွန်းဆက်လမ်းများနှင့် အင်းလျားမျှော်စင်တို့ကိုထည့်သွင်းတည်ဆောက်သွားမည်ဟုလည်း​ဖော်ပြထားသည်။

ထိုအပြင်လူငယ်များ အနုပညာဖန်ဆီးရန်၊မျှဝေရန်နှင့် ခံစားရန် ပွဲကြည့်စဉ် တစ်ခုကိုလည်း တည်ဆောက်သွားမည်ဟုဆိုသည်။ အနုပညာပြခန်းများ၊ ပန်းချီပြခန်းများနှင့် စကိတ်ကွင်းများကိုလည်း တည်ဆောက်သွားမည်ဟုဆိုထားသည်။ ထိုပြင်နိုင်ငံရေးဆွေးနွေးငြင်းခုံရန်အတွက်လူထုစကားပြောစင်မြင့်တစ်ခုကိုလည်း အကောင်အထည်ဖော်သွားမည်ဟုလည်းအသိ​ပေးသည်။

ယခုစီမံကိန်း NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့က ထုတ်ပြန်သည့် တတိယမြောက်စီမံကိန်းဖြစ်ပြီး နွေဦးရိပ်မွန် စီမံကိန်းနှင့် နွေဦးမော်ကွန်းသစ်တို့၏ မြေကွက်၇၅၀ ကိုထုတ်​ရောင်းခဲ့ရာ​မြေကွက် (၄၀ ) ဝန်းကျင်သာကျန်ရှိ​တော့​ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။