Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး

“တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း”ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး
လက်နက်ခဲယမ်းတွေပို့ပေးလိုက်တဲ့ စစ်ကောင်စီတပ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ကော်ဘရာစစ်ကြောင်းမှုး

စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်အပါအဝင် ၆ ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခဲ့ပြီးတဲ့နောက် လက်နက်ခဲယမ်းတွေပို့ပေးတဲ့ တပ်မ ၄၄ ကိုကျေးဇူးတင်ကြောင်းကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။

“တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း”ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းက မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ(၁၀)ရက်နေ့ မနက်အစောပိုင်းမှာ ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးရှိနေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook