Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာနှင့် ခဲယမ်းလာပို့သည့် ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၆ဦးကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ် ဖမ်းမိ

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင်စစ်သား၆ နှင့် ​လက်နက်ခဲယမ်းများကိုကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​Cobra Column)
(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင်စစ်သား၆ နှင့် ​လက်နက်ခဲယမ်းများကိုကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​Cobra Column)

▪︎လက်နက် ၆လက်နှင့် ခဲယမ်း၊ ကျည်အများအပြားသိမ်းဆည်းရမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ရိက္ခာနှင့် ခဲယမ်းများ လာပို့သည့် ဗိုလ်ကြီး ဦးစီးသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ကြောင်း ဒူးပလာယာခရိုင်နှင့် ​ကော်ဘရာစစ်​ကြောင်းတို့က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၉ရက်နံနက်က ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောနော်အရှေ့ဘက်ခြမ်း မြဝတီ၊ ဝေါ်လေ လမ်းမပေါ်ရှိ လူခို့ဒေသတွင် အင်အား ၆ဦးပါသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ် (ခမရ- ၁၀၂) တပ်မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် အဖွဲ့ ကို KNU လက်အောက်ခံနယ်မြေခံ KNLA တပ်ရင်း (၂၇)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းမိခဲ့ရာသိမ်းဆည်းရမိသော လက်နက်များမှာ MA-3(၂)လက်, MA -1(၁)လက်, MA-2(၁) လက်, MA-4(၁)လက်, MA-5(၁) လက်၊ ကျည်အိမ် မဂ္ဂဇင်း ဘောက် (၁၇)ချပ်, ဘောက်အဝိုင်း (၁) ချပ်, လက်ပစ်ဗုံး (၂)လုံး, BSA 1 Scope (၁)လုံး, 5.56 ကျည်(၆၀၀)တောင့်, 40-mm ဗုံးသီး (၂၀၀)လုံး, 60-mm ဗုံးသီး (၂၀၀) လုံး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရိက္ခာခြောက် မမခေါက်ဆွဲ (၁၂) အိပ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။