Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ရေစကြိုမြို့မှ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)

▪️ကန့်ဘလူမြို့မှ (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွား

စစ်ကောင်စီတပ်သည် မကွေးတိုင်း ရေစကြိုမြို့မှ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းရွာမှ (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦးကို စက်တင်ဘာ ၈ရက်တွင် သေနတ်ဖြတ်ပစ်သတ်ပြီး ရုပ်လောင်းကို မီးရှို့ သွားသည်ဟု ဒေသခံများက ပြောသည်။အဆိုပါ ကလေးငယ်သည် ရွာအတွင်း စစ်ကောင်စီတပ်ဝင်လာစဥ် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခံရ​​ခြင်းဟု ဆိုသည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – YSG PDF)

“ကျွန်မ မောင်လေးပါ။ ပြေးလို့သတ်တာတဲ့”ဟု သေဆုံးသူကလေးငယ်၏ အစ်မဖြစ်သူက ပြောသည်။

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေသည်။ ကိုးတောင်ဘို့တိုက်နယ် ဇီးကနားကျေးရွာမှ အသက်(၁၇)နှစ်အရွယ် မသဇင်မိုးအပါအဝင် လူငယ်လေးဦးကို စက်တင်ဘာ ၈ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။ဖမ်းဆီးခံရသူလေးဦးစလုံးအတွက် ဒေသခံများက စိတ်ပူနေကြသည်။

(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - YSG PDF)
(ရေစကြိုမြို့၊ ငတရော်ရွာကို စစ်ကောင်စီဖျက် ဆီးသွားသည့်မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – YSG PDF)

“ကလေးတွေအပေါ် မယုတ်မာပါစေနဲ့လို့ ဆုတောင်းနေရတယ်။အရမ်းစိတ်ပူနေရပြီ “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကိုးတောင်ဘို့တိုက်နယ်အတွင်း လေကြောင်းမှတဆင့် အင်အားအများအပြားတိုးချထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။