ပြည်သူနှစ်ဦးလည်း မိုင်းထိကာသေဆုံးသွား
စစ်ကိုင်းတိုင်း၊ မုံရွာ – အမြင့်လမ်းတွင် စျေးဝယ်လာသည့်ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ပြည်သူနှစ်ဦးလည်း မိုင်းထိကာသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။
ယနေ့(စက်တင်ဘာ၁၂ ရက်) နံနက် ၇ နာရီခွဲခန့်က မုံရွာ – အမြင့်လမ်း ညောင်ဖြူပင်ကျေးရွာတွင် စျေးလာဝယ်သည့် ရဲတပ်သား သန်းလှိုင်နှင့် အခြားရဲတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သွားရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း၊ ရဲနှစ်ဦး၏ လက်နက်များကိုလည်း ပစ်ခတ်သည့်အဖွဲ့က သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ထိုဖြစ်စဥ်မှန်ကန်ကြောင်းကို မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အတည်ပြုသည်။

Public Service Announcement
“စစ်တပ်က ရွာကိုပိတ်ဆို့ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကျန်တာမှန်ပါတယ်”ဟု မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ပြောသည်။
မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မုံရွာ – အမြင့်လမ်းတွင် စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။


















































