Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် သပိတ်မစတင်မီ လူငယ်အချို့အကြမ်းဖက်ဖမ်းဆီးခံရ

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း၊ ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းတို့တွင် စစ်ကား၊ ရဲကားများ လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ်၊ (ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ်၊ (ပုံအဟောင်း အသုံးပြုထားသည်)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ယနေ့ (စက်တင်ဘာ ၁၃) ညနေပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်မစတင်မီ စစ်ကောင်စီက အရပ်ဝတ်ဖြင့် လူငယ်အချို့အား အကြမ်းဖက် ဖမ်းဆီးခဲ့သည်။

” ညနေ ၄ နာရီကျော်လောက်က ​ပန်းပင်ကြီးလမ်းမှာ သပိတ်မစခင် ဝင်ဖမ်းတာလို့ သိရတယ်။ အိမ်စီးကား၊ တက္ကစီတွေနဲ့လာပြီး အရပ်ဝတ်နဲ့ ဝင်ဖမ်းသွားတာပါ။ တချို့ ကလေးတွေ အခုထိ အဆက်အသွယ်မရကြသေးဘူး။ ဘယ်နှစ်ယောက် ပါသွားလဲဆိုတာ ခုထိအတည်မပြုနိုင်သေးပါဘူး “ဟု ဆန္ဒပြသပိတ်များတွင် ပူးပေါင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ ညနေ ၄ နာရီကျော်တွင် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်၌ တက္ကစီတစ်စီးအား စစ်ကောင်စီဝင်များက သေနတ်ဖောက်၍ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” တက္ကစီတစ်စီးကို အိမ်စီးကားတွေနဲ့ အရပ်ဝတ်ရဲတွေ သေနတ်ဖောက်ပြီး ဝင်ဖမ်းတာလို့ သိရတယ်။ ကလေးတွေကို သူခိုး၊ သူခိုး ဆိုပြီး အော်ပြီး ဝင်ဖမ်းတာလို့လဲ ကြားတယ်။ ပထမ ဘာဖြစ်မှန်း မသိကြဘူး။ နောက်မှ ဆန္ဒပြတဲ့ ကလေးတွေကို အတင်းဝင်ဖမ်းတာလို့ သိရပါတယ်။ လေးယောက်ကျော်လောက် ဖမ်းခံလိုက်ရတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း၊ ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းတို့တွင် စစ်ကား၊ ရဲကားများ လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နှစ် ၂၀၂၁ ဒီဇင်ဘာ ၅ ရက်ကလည်း ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းပေါ်၌ ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်၍ အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။