Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် အင်အားမလုံလောက်မှု၊ စစ်ကူမပို့နိုင်၊ ထောက်ပို့ကောင်းစွာ မလုပ်နိုင်မှုများ ထင်ရှားစွာတွေ့လာရဟု ကာကွယ်ရေးဝန်ကြီးပြော

ရေဒီယိုNUG အသံလွှင့်အစီအစဉ်တွင် ဝန်ကြီးဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသို့ ပြောကြားချက်၌ အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

(NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီတပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း၊ ၊KNDF)
(NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီတပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း၊ ၊KNDF)

▪️ပုံစံမျိုးစုံဖြင့် စစ်ကောင်စီကို စွန့်ခွာသူများသထက် များလာဟုဆို

စစ်ကောင်စီတပ်​၏ စိတ်ဓာတ်၊ ကျင့်ဝတ်၊စည်းကမ်းကင်းမဲ့ရုံမက မြေပြင်တိုက်ခိုက်နိုင်စွမ်း တစ်နေ့တစ်ခြား လျော့ပါးလာနေပြီး အင်အားမလုံလောက်မှု၊ စစ်ကူနှင့် ထောက်ပို့ကောင်းစွာ မပေးနိုင်မှုများ ထင်ရှားစွာတွေ့လာရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

(NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီတပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း၊ ၊KNDF)
(NUG ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီတပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း၊ ၊KNDF)

ရေဒီယိုNUG အသံလွှင့်အစီအစဉ်တွင် ဝန်ကြီးဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသို့ ပြောကြားချက်၌ အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးမဟာဗျုဟာအောက်မှာ သူ့ရဲ့ရှိစုမဲ့စု အင်အားကို ဒေသတိုင်းမှာ ဖြန့်ခွဲထားရတဲ့အတွက် အင်အားမလုံလောက်မှုကို ထင်ထင် ရှားရှားတွေ့လာရတယ်။ အခုဆို သူ့ရဲ့ရှေ့တန်းစခန်းတွေဆီ စစ်ကူမပို့နိုင်ရုံမက ရိက္ခာနဲ့လက်နက် ခဲယမ်းထောက်ပို့ပင် ကောင်းကောင်းမလုပ်နိုင် တော့တာ အထင်အရှားတွေ့နေရတယ်”ဟု ၎င်းက ဆိုသည်။

နေ့စဉ်နှင့် အမျှအရပ်သားပြည်သူများအပေါ် အကြမ်းဖက်လုယက်၊ မီးရှို့နေရသည့်အပေါ် လိပ်ပြာမလုံသည့် စစ်သား၊ ရဲသားများစွာ ရှိနေပြီး ကိုယ်ပိုင်အသိဉာဏ်ဖြင့် လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်နိုင်သူများသည် ပြည်သူ့ရင်ခွင်ခိုလှုံနေကြပြီဖြစ်ကြောင်း ဝန်ကြီးဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ပုံစံအမျိုးမျိုးနဲ့စစ်ကောင်စီကို စွန့်ခွာနေကြသူတွေလည်း များသထက် များလာပြီ”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ပြောက်ကျားစစ်တွင် ရန်သူ့အင်အားသည် တစ်နေ့ပြီး တစ်နေ့ ပြုန်းတီးလာနေရာ ယခုထက် ပိုအထိနာပါက စစ်ကောင်စီတပ် အချိန်မရွေး ပြိုကွဲသွားနိုင်ကြောင်းသတိပြုရမည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

” အဲ့ဒီအချိန်ရောက်ရင် ဒီနိုင်ငံအစည်းပြေပြီး ဖရိုဖရဲ ဖြစ်မသွားဖို့နဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ဟာ ငါတို့ပခုံးပေါ်ကို လုံးလုံးလျားလျားရောက်ရှိလာမှာ ဖြစ်တယ်။ ဒီနိုင်ငံနဲ့ဒီပြည်သူရဲ့လုံခြုံမှုကို အာမခံနိုင်တဲ့ Professional တပ်မတော်တစ်ရပ်ဖြစ်ဖို့ ရည်မှန်းပြီး ရဲဘော်တို့ကို Code of Conduct စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့၊ Chain of Command အမိန့်ပေးကွပ်ကဲမှုစနစ်ကို ကိုယ်တိုင်ပါဝင်တည် ဆောက်ကြဖို့ အလေးအနက်တိုက်တွန်းနေရာတာလည်း ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။