Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှိန်မြင့်မည်ဖြစ်၍ သမ္မတကြေညာပြီးပါက အားလုံး အသင့်အနေအထားဖြစ်ရေး ပြင်ထားရန် NUG ပြည်ထဲရေးဝန်ကြီး ပြော

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်နှစ်အတွင်း စစ်​ကောင်စီတပ်မှ ၂၅၀၀၀ ​ကျော်​သေဆုံး​ပြီး ၈၂၀၀ ​​ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲ​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG
NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG

ယခုနှစ်တွင်ယခင်နှစ်ထက်စစ်ရှိန်ပိုမြှင့်မည်ဖြစ်၍ သမ္မတက ကြေညာလာပါက အားလုံးအသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ၎င်း၏​ဖေစ်ဘွခ်တွင်ယ​နေ့ရေးသားအသိ​ပေးသည်။

“ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်။ တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်၊ PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်” ဟု ရေးသားထားသည်။

ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ် ။ဓါတ်ပုံ-MOHAI
ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ် ။ဓါတ်ပုံ-MOHAI

သို့ရာတွင် မကြာစေရကြောင်း၊ ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်နှင့်အတူ ပြည်တော်ဝင်ကြမည်ဖြစ်ကြော်း ပြည်ထဲရေးဝန်ကြီးကဆိုသည်။

“ပြည်သူ့လူထုရဲ့ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျ အကုန်ဝယ် နေကြတာကြည့်ရင် ပြည်သူမှာ “အောင်စိတ်” က အခိုင်အမာကို ရှိနေတယ်” ဟု ၎င်းက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် သမ္မတကြီး “အရေးပေါ်အခြေအနေ”ကြေညာခဲ့ပြီးတစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပျောက်ကြားများ ဆင်နွဲခဲ့သည့် ခုခံစစ်က မြို့ပြ၊ ကျေးလက် နှင့် တောတောင်ကြား၌ ထိတွေတိုက်ပွဲမျိုးစုံဖြင့် စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

“ဒီနှစ် သမ္မတကြီး ” ” ကြေညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေတော့” ဟု ဦးလွင်ကိုလတ်ကအကြောင်းအရာကိုကွက်လက်ချန်ပြီးမျက်တောင်အဖွင့်အပိတ်ဖြင့် ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်က ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူခုခံစစ် တစ်နှစ်ပြည့် အဖြစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားရာ အဆုံးသတ်တိုက်ပွဲအနှေးနှင့်အမြန် ရောက်လာမည်ဖြစ်ကြောင်း နှင့် လာမည့် တစ်နှစ်အတွင်း ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ရလဒ်များ ထွက်လာရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေသည်ဟု အသိပေးခဲ့သည်။

“ဖက်ဆစ်တွေကိုအမြစ်ဖြတ်သုတ်သင်ပေးမယ့်အဆုံးသတ်တိုက်ပွဲဟာ အနှေးနဲ့အမြန် ရောက်လာ လိမ့်မယ်။ အဲဒီအခါကျန်တဲ့ အုပ်စုအနေနဲ့ လူထု တရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်း ရှိအောင် အခုကတည်းကနေ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက်ချင်ပါတယ်” ယာယီသမ္မတက ပြောကြားထားသည်။

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်နှစ်အတွင်း စစ်​ကောင်စီတပ်မှ ၂၅၀၀၀ ​ကျော်​သေဆုံး​ပြီး ၈၂၀၀ ​​ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲ​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ သြဂုတ်လအထိ့ လ​ပေါင်း ၂၀ အတွင်းKNU/KNLA ၊ KNDO ပူး​ပေါင်းတပ်နှင့်စစ်​ကောင်စီတပ်ဦး​ဆောင်​သောနယ်ခြား​​စောင့်တပ်တို့ကြားKNU ထိန်းချုပ်နယ်​မြေများတွင် တိုက်ပွဲ​ပေါင်း ၆၃၀၀ ​ကျော်ဖြစ်ပွားရာ စစ်​ကောင်စီတပ်နှင့်BGF ၅၁၀၀ ​ကျော်​သေဆုံးပြီး ၄၁၀၀ ​ကျော်ဒဏ်ရာရရှိခဲ့​ကြောင်း KNU ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။