Connect with us

Hi, what are you looking for?

သတင်း

စစ်ရှိန်မြင့်မည်ဖြစ်၍ သမ္မတကြေညာပြီးပါက အားလုံး အသင့်အနေအထားဖြစ်ရေး ပြင်ထားရန် NUG ပြည်ထဲရေးဝန်ကြီး ပြော

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်နှစ်အတွင်း စစ်​ကောင်စီတပ်မှ ၂၅၀၀၀ ​ကျော်​သေဆုံး​ပြီး ၈၂၀၀ ​​ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲ​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG
NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG

ယခုနှစ်တွင်ယခင်နှစ်ထက်စစ်ရှိန်ပိုမြှင့်မည်ဖြစ်၍ သမ္မတက ကြေညာလာပါက အားလုံးအသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ၎င်း၏​ဖေစ်ဘွခ်တွင်ယ​နေ့ရေးသားအသိ​ပေးသည်။

“ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်။ တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်၊ PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်” ဟု ရေးသားထားသည်။

ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ် ။ဓါတ်ပုံ-MOHAI
ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ် ။ဓါတ်ပုံ-MOHAI

သို့ရာတွင် မကြာစေရကြောင်း၊ ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်နှင့်အတူ ပြည်တော်ဝင်ကြမည်ဖြစ်ကြော်း ပြည်ထဲရေးဝန်ကြီးကဆိုသည်။

“ပြည်သူ့လူထုရဲ့ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျ အကုန်ဝယ် နေကြတာကြည့်ရင် ပြည်သူမှာ “အောင်စိတ်” က အခိုင်အမာကို ရှိနေတယ်” ဟု ၎င်းက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် သမ္မတကြီး “အရေးပေါ်အခြေအနေ”ကြေညာခဲ့ပြီးတစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြပျောက်ကြားများ ဆင်နွဲခဲ့သည့် ခုခံစစ်က မြို့ပြ၊ ကျေးလက် နှင့် တောတောင်ကြား၌ ထိတွေတိုက်ပွဲမျိုးစုံဖြင့် စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

“ဒီနှစ် သမ္မတကြီး ” ” ကြေညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေတော့” ဟု ဦးလွင်ကိုလတ်ကအကြောင်းအရာကိုကွက်လက်ချန်ပြီးမျက်တောင်အဖွင့်အပိတ်ဖြင့် ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်က ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူခုခံစစ် တစ်နှစ်ပြည့် အဖြစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားရာ အဆုံးသတ်တိုက်ပွဲအနှေးနှင့်အမြန် ရောက်လာမည်ဖြစ်ကြောင်း နှင့် လာမည့် တစ်နှစ်အတွင်း ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ရလဒ်များ ထွက်လာရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေသည်ဟု အသိပေးခဲ့သည်။

“ဖက်ဆစ်တွေကိုအမြစ်ဖြတ်သုတ်သင်ပေးမယ့်အဆုံးသတ်တိုက်ပွဲဟာ အနှေးနဲ့အမြန် ရောက်လာ လိမ့်မယ်။ အဲဒီအခါကျန်တဲ့ အုပ်စုအနေနဲ့ လူထု တရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်း ရှိအောင် အခုကတည်းကနေ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက်ချင်ပါတယ်” ယာယီသမ္မတက ပြောကြားထားသည်။

ခုခံ​တော်လှန်စစ်​ကြေညာပြီးတစ်နှစ်အတွင်း စစ်​ကောင်စီတပ်မှ ၂၅၀၀၀ ​ကျော်​သေဆုံး​ပြီး ၈၂၀၀ ​​ကျော်ဒဏ်ရာရရှိခဲ့သည်ဟုNUG ပြည်ထဲ​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံးက ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ သြဂုတ်လအထိ့ လ​ပေါင်း ၂၀ အတွင်းKNU/KNLA ၊ KNDO ပူး​ပေါင်းတပ်နှင့်စစ်​ကောင်စီတပ်ဦး​ဆောင်​သောနယ်ခြား​​စောင့်တပ်တို့ကြားKNU ထိန်းချုပ်နယ်​မြေများတွင် တိုက်ပွဲ​ပေါင်း ၆၃၀၀ ​ကျော်ဖြစ်ပွားရာ စစ်​ကောင်စီတပ်နှင့်BGF ၅၁၀၀ ​ကျော်​သေဆုံးပြီး ၄၁၀၀ ​ကျော်ဒဏ်ရာရရှိခဲ့​ကြောင်း KNU ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။