Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းနေ

ဒေါ်လာဝယ်ရောင်းဈေးသည် တစ်ဒေါ်လာကို ကျပ် ၅၀၀ခန့်ဈေးကွာနေပြီး ရွှေဈေးမှာလည်း တစ်ရက်အတွင်း ကျပ် ၁သိန်းခွဲကျော်အတက်ကျဖြစ်ခဲ့သည်။

ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းနေ
ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းနေ

▪︎​ငွေလဲ​ကောင်တာများတွင် ​ဒေါ်လာ​ဝယ်​ဈေးနှင့်​​ရောင်း​ဈေးကျပ် ၅၀၀ ခန့်ကွာဟနေ

ဒေါ်လာနှင့်ရွှေဈေးအတက်ကျကြမ်း​နေပြီးဝယ်​ဈေးနှင့် ရောင်းဈေး အဆမတန်ကွာခြားနေ​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။

ဒေါ်လာဝယ်ရောင်းဈေးသည် တစ်ဒေါ်လာကို ကျပ် ၅၀၀ခန့်ဈေးကွာနေပြီး ရွှေဈေးမှာလည်း တစ်ရက်အတွင်း ကျပ် ၁သိန်းခွဲကျော်အတက်ကျဖြစ်ခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ငွေလဲကောင်တာများ၌ ရောင်းဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ခန့်ရှိပြီး ဝယ်ဈေးသည် ၂၄၀၀ခန့်ရှိသည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

“ဈေးနှုန်းတွေက အတက်အကျများနေလို့ ဝယ်ရောင်းလုပ်ရတာ ခဏနားထားရတယ်၊ ဒီဈေးနှုန်းတွေက မခန့်မှန်းတတ်အောင်ဖြစ်နေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းရွှေဈေးမှာလည်းအောက်တိုဘာ ၁ ရက်မနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်း​ကျော်( ၂,၂၇၀,၀၀၀)ပေါက်ဈေးရှိခဲ့သော်လည်း ညနေပိုင်းတွင်ကျပ် ၂၄သိန်း ( ၂,၄၂၅,၀၀၀)ကျပ်​ကျော်ဖြင့် ကျပ်တစ်သိန်း​ကျော်​ဈေးပြန်တက်ပြီးပိတ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လတွင် ​​ဒေါ်လာ​ဈေး ၅၀၀၀ ကျပ်နှင့် ​ရွှေ​ဈေး ကျပ် ၃၅ သိန်း​​ကျော်အထိစံချိန်တင်မြင့်တက်ပြီး​နောက် စစ်​ကောင်စီက ရွှေဈေး၊ဒေါ်လာဈေးကျဆင်းရေးအတွက် ​ဝယ်​ရောင်းလုပ်​နေ​သောလုပ်ငန်းရှင်အချို့ကိုဖမ်းဆီးခြင်း ၊​ခေါ်ယူသတိ​ပေးခြင်းနှင့် စစ်ကောင်စီဘက်က ဝါဒဖြန့်ချီမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသည်။

“အွန်လိုင်းမှာသူတို့ဖြစ်ချင်တဲ့ ဈေးအတိုင်း ရောင်းရဝယ်ရတယ်။ အမှန်တကယ်ပေါက်ဈေးတင်ရင် ဖမ်းခံရမယ်။ တိုင်မယ်တောမယ်ဆိုပြီး ဖေ့ဘွတ်ခ်အကောင့်တုတွေနဲ့လာခြိမ်းခြောက်ကြတယ်”ဟုအွန်လိုင်းမှ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။

ပုံမှန်အားဖြင့် စက်တင်ဘာလသည် နိုင်ငံအတွင်း ဒေါ်လာလိုအပ်ချက်မြင့်မားသည့် ကာလဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်လေ့ရှိသည်။ သို့​သော်ယခုအခါစစ်ကောင်စီက နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူများကို ဖမ်းဆီးခြင်း၊ခြိမ်းခြောက်များပြုလုပ်ခြင်းနှင့် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် ဒေါ်လာလိုအပ်ချက်လျော့သွားခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်သည်။

“ပြည်ပက သွင်းကုန်တွေကို လုံးဝနီးပါးပိတ်ထားတာရယ်။ စီးပွားရေးမလည်ပတ်နိုင်အောင် လုပ်ထားတာကြောင့် ဒေါ်လာဈေးက ကျနေတာလို့ပြောရမယ်။ ဒါကစိုးရိမ်စရာရှိတယ်။ တချိန်မှာ ဒေါ်လာလိုအပ်ချက်နည်းနည်းလေးရှိတာနဲ့ ဈေးက တရှိန်ထိုးတက်သွားလိမ့်မယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီး ၂၀၂၂ ဩဂုတ်လဆန်းတွင် တစ်ဒေါ်လာကို ကျပ် ၅၀၀၀ အထိမြင့်တက်ခဲ့သည်။စစ်ကောင်စီကမူ တစ်ဒေါ်လာကို ကျပ် ၂၁၀၀သာသတ်မှတ်ထားသည်။ ​ရွှေ​ဈေးမှာလည်း သြဂုတ်လကုန်ပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၃၅ ​​သိန်းဝန်းကျင်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။