Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အဘွားအိုတစ်ဦးသေဆုံး

အဆိုပါစစ်ကြောင်းသည် နနွင်းကိုင်းကျေးရွာကို ပစ်ခတ်မွှေနှောက်ပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဒေသခံတို့က ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သောအဘွားအိုအားတွေ့ရစဥ် ၊ဓာတ်ပုံ-ကျေးရွာတပ်ပေါင်းစု
လက်နက်ကြီးထိမှန်သေဆုံးခဲ့သောအဘွားအိုအားတွေ့ရစဥ် ၊ဓာတ်ပုံ-ကျေးရွာတပ်ပေါင်းစု

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နနွင်းကိုင်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အဘွားအိုတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက် ၃ နာရီ ၁၅မိနစ်ခန့်က မြောင်မြို့နယ် ကျောက်ရစ်စခန်းမှ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် နံနက် ၄ နာရီခွဲခန့်တွင် နနွင်းကိုင်းကျေးရွာသို့ အလစ်အငိုက် ဝင်၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

လက်နက်ကြီးကျည်တစ်ခု ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး အသက်(၇၀)အရွယ် အဘွားအိုတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သောအဘွားအိုအားတွေ့ရစဥ် ၊ဓာတ်ပုံ-ကျေးရွာတပ်ပေါင်းစု
လက်နက်ကြီးထိမှန်သေဆုံးခဲ့သောအဘွားအိုအားတွေ့ရစဥ် ၊ဓာတ်ပုံ-ကျေးရွာတပ်ပေါင်းစု

ထို့အပြင် ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း ရိုက်နှက်ခဲ့ကြောင်း၊ နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းသည် နနွင်းကိုင်းကျေးရွာကို ပစ်ခတ်မွှေနှောက်ပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးမီးရှို့မှုများ မကြာခဏပြုလုပ်နေပြီး ဒေသတွင်း PDF အဖွဲ့များနှင့်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။ မြောင်နယ်ရှိ စစ်ကောင်စီတပ်တင်သာမကဘဲ ရေစကြိုနယ်ရှိ စစ်ကောင်စီတပ်ကပါ မြစ်ကူးပြီး မကြာခဏလာသောင်းကျန်းလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook