Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ကလေးငယ်အပါအဝင် အရပ်သားထိခိုက်မှုရှိကြောင်း သတင်းရဟုဒေသခံပြော

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးခံတွင်းရွာနှင့်အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့် စစ်အင်အားများပို့ဆောင်သွားကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

“မူးခံတွင်းဘုန်းကြီးကျောင်းထဲမှာတော့ ခွေးတွေချသွားတယ်ပြောတယ်။ တပ်စွဲနေတယ် အဲဒါလောက်ပဲသိရသေးတယ်။ ရဟတ်ယာဉ် ၂စီးနဲ့ ပစ်ပြီးတော့ ၂စီးနဲ့ လူချတယ်။ ၂စီး နှစ်ခေါက် ၄စီးလူချတာပေါ့” ဟု ဒေသခံက ပြောသည်။

စက်တင်ဘာ ၁၆ရက် နေ့လည် ၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ ရဟတ်ယာဉ် နှစ်စီးတို့ဖြင့် ပစ်ခတ်ဝင်ရောက်ကာ မူးခံတွင်းနှင့်ညောင်လှအကြား အင်အားများချထားခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထားသည်။

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီပဲယင်းမှာ အထိုင်ချထားတဲ့ ဒီပဲယင်းစခန်းရယ် စိုင်ပြင်စခန်းရယ်က အပြင်ကို မထွက်နိုင်ဘူး။ ခဏခဏလည်း အဲဒီစခန်းကို အဖွဲ့တွေက သွားသွားပစ်ကြတာ။ပစ်ကြတော့ ဟိုကောင်တွေ အပြင်မထွက်နိုင်တဲ့အချိန်မှာ တစ်ဖက်ကနေဖိအားပြန်ပေးတာနေမယ်”ဟု ဒေသခံက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိသည်ဟု သတင်းရရှိကြောင်း ၎င်းက ဆိုသည်။

“အထိအခိုက်ရှိတယ်ကြားတယ်။ လောလောဆယ် အတိအကျတော့မရသေးဘူး။ အရပ်သား၊ အရပ်သားမှာကလေးတွေပါပါတယ်လို့သတင်းကြားထားတယ်”ဟု ဒေသခံက ပြောသည်။

ဒီပဲယင်းနယ်တွင် ယခုကဲ့သို့ လေကြောင်းမှ စစ်ဆင်ရေးပြုလုပ်ခြင်းမျိုး ယခင်ကလည်း ပြုလုပ်ခဲ့ရာ စုစုပေါင်း လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု ၁၀ကြိမ်ရှိပြီဟုဆိုသည်။ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ညောင်ကြီးကုန်း၊ မဲအိုး ၊ လက်ယက်ကုန်း၊ မူးခံတွင်း ၊ ညောင်လှ၊ သစ်တုံ စသည့်အနီးဝန်းကျင်ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။