Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ကလေးငယ်အပါအဝင် အရပ်သားထိခိုက်မှုရှိကြောင်း သတင်းရဟုဒေသခံပြော

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးခံတွင်းရွာနှင့်အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့် စစ်အင်အားများပို့ဆောင်သွားကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

“မူးခံတွင်းဘုန်းကြီးကျောင်းထဲမှာတော့ ခွေးတွေချသွားတယ်ပြောတယ်။ တပ်စွဲနေတယ် အဲဒါလောက်ပဲသိရသေးတယ်။ ရဟတ်ယာဉ် ၂စီးနဲ့ ပစ်ပြီးတော့ ၂စီးနဲ့ လူချတယ်။ ၂စီး နှစ်ခေါက် ၄စီးလူချတာပေါ့” ဟု ဒေသခံက ပြောသည်။

စက်တင်ဘာ ၁၆ရက် နေ့လည် ၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ ရဟတ်ယာဉ် နှစ်စီးတို့ဖြင့် ပစ်ခတ်ဝင်ရောက်ကာ မူးခံတွင်းနှင့်ညောင်လှအကြား အင်အားများချထားခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထားသည်။

လတ်တလောတွင် ဒီပဲယင်းနယ်၌ ထူးခြားဖြစ်စဉ်မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားပို့ဆောင်ကာ ထိုးစစ်ဆင်ရန်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီပဲယင်းမှာ အထိုင်ချထားတဲ့ ဒီပဲယင်းစခန်းရယ် စိုင်ပြင်စခန်းရယ်က အပြင်ကို မထွက်နိုင်ဘူး။ ခဏခဏလည်း အဲဒီစခန်းကို အဖွဲ့တွေက သွားသွားပစ်ကြတာ။ပစ်ကြတော့ ဟိုကောင်တွေ အပြင်မထွက်နိုင်တဲ့အချိန်မှာ တစ်ဖက်ကနေဖိအားပြန်ပေးတာနေမယ်”ဟု ဒေသခံက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိသည်ဟု သတင်းရရှိကြောင်း ၎င်းက ဆိုသည်။

“အထိအခိုက်ရှိတယ်ကြားတယ်။ လောလောဆယ် အတိအကျတော့မရသေးဘူး။ အရပ်သား၊ အရပ်သားမှာကလေးတွေပါပါတယ်လို့သတင်းကြားထားတယ်”ဟု ဒေသခံက ပြောသည်။

ဒီပဲယင်းနယ်တွင် ယခုကဲ့သို့ လေကြောင်းမှ စစ်ဆင်ရေးပြုလုပ်ခြင်းမျိုး ယခင်ကလည်း ပြုလုပ်ခဲ့ရာ စုစုပေါင်း လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု ၁၀ကြိမ်ရှိပြီဟုဆိုသည်။ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ညောင်ကြီးကုန်း၊ မဲအိုး ၊ လက်ယက်ကုန်း၊ မူးခံတွင်း ၊ ညောင်လှ၊ သစ်တုံ စသည့်အနီးဝန်းကျင်ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

Facebook