Connect with us

Hi, what are you looking for?

သတင်း

လက်နက်၊ ခဲယမ်းများစွာဖြင့်ဖမ်းမိခဲ့သည့် ဗိုလ်ကြီးရဲရင့်မောင်နှင့်အဖွဲ့ကို ထိန်းသိမ်းထားဆဲဟု ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူ အသိပေး

ဗိုလ်ကြီးရဲရင့်မောင်၏ တပ်ဖွဲ့နှင့်အတူ လက်နက် ၆လက်၊ ကျည်နှင့် ဗုံးသီး အများအပြား၊ ရိက္ခာခြောက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Saw Kaw/FB
ဓာတ်ပုံ - Saw Kaw/FB

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် မြ၀တီ -ဝေါ်လေလမ်း တစ်နေရာ၌ လက်နက်၊ ခဲယမ်းများနှင့် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ရဲရင့်မောင်ဦးစီးသည့် အဖွဲ့ကို ထိမ်းသိမ်းထားဆဲဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ယနေ့ အသိပေးသည်။

“ပြန်လည်း မလွှတ်သလို ရောင်းလည်း မစားပါဘူးကွယ်။ ကျန်းမာရေးလေးတော့ ဂရုစိုက်ပါ”ဟု ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး၏ ဓာတ်ပုံကို ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူက ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြအသိပေးထားခြင်းဖြစ်သည်။

ဗိုလ်ကြီးရဲရင့်မောင်နှင့် ၎င်း၏တပ်ဖွဲ့သည် ရှေ့တန်းစစ်မြေပြင်သို့ ကျည်၊ ခဲယမ်းများ သွားရောက်ပို့ဆောင်စဉ် စက်တင်ဘာ ၉ရက်နံနက်ပိုင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ကြီးရဲရင့်မောင်၏ တပ်ဖွဲ့နှင့်အတူ လက်နက် ၆လက်၊ ကျည်နှင့် ဗုံးသီး အများအပြား၊ ရိက္ခာခြောက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။